News

POST TYPE

LATEST NEWS POST

အမျိုးသမီးဆိုင်ရာပြည်သူ့စကားဝိုင်း ပထမဆုံးအကြိမ်ကျင်းပ
20-May-2018



မန္တလေး၊ မေ ၁၉ 

မန္တလေးမြို့တော်ရှိ ဆာကူရာဟိုတယ်၌ မေလ ၁၉ ရက်နေ့က အမျိုးသမီးကဏ္ဍဖွံ့ ဖြိုးဖို့လုံခြုံဝန်းကျင်ဖန်တီးစို့ အမည်ရှိ အမျိုးသမီးများနှင့်သက်ဆိုင်သည့် ပြည်သူ့စကားဝိုင်းကို ပထမဆုံးအကြိမ်ကျင်းပခဲ့သည်။ 

“အစိုးရနဲ့ပြည်သူ အပြန်အလှန် ဆွေးနွေးခွင့်ရတယ်။ ပြည်သူတွေရဲ့ပတ်ဝန်းကျင်မှာဖြစ်တဲ့ အကြောင်းအရာတွေကို သိခွင့်ရမယ်။ ဒီလိုဆွေးနွေးခြင်းအားဖြင့် ဆွေးနွေးရဲ၊ ပြောရဲဆိုရဲရှိလာမယ်။ ဌာနကလည်း အစိုးရနဲ့ပြည်သူအကြား ပေါင်းကူးပေးတဲ့ဌာနဆိုတော့ အမျိုးသမီးထုကို ကိုယ်စားပြုတဲ့အသံကိုရသွားမယ်” ဟု မန္တလေးတိုင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါ်ဝေဝေဖြိုးက ပြောကြားသည်။

ပြည်သူလူထု ကြုံတွေ့နေရသော အခက်အခဲများ၊ လိုအပ်နေသည့်ကဏ္ဍများကို အဖြေရှာပေးနိုင်ရန် အစိုးရနှင့် ပြည်သူအကြား ဆွေးနွေးသည့်အခွင့်အလမ်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကဦးဆောင်၍ ပြည်သူ့စကားဝိုင်းများကို ၂၀၁၇ ခုနှစ်က စတင်ကျင်းပခဲ့ရာ မန္တလေးခရိုင်အတွင်း တတိယအကြိမ်မြောက်ကျင်းပသည့် ပြည်သူ့စကားဝိုင်း ဖြစ်သည်။ 

ယင်းစကားဝိုင်းမှ ရရှိလာသည့် အချက်အလက်များကို အစိုးရပိုင်းဆိုင်ရာနှင့် action aid အမျိုးသမီးအခွင့်အရေး ဌာနတို့က ဆက်လက်လုပ်ဆောင်မည့်စီမံကိန်းများတွင် ထည့်သွင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ပွဲစီစဉ်သူများထံမှ သိရသည်။

ယင်းစကားဝိုင်းသို့ တိုင်းလွှတ်တော်ကိုယ်စားလှယ်၊ တိုင်းရဲတပ်ဖွဲ့မှူးရုံး၊ အမျိုးသမီးရေးရာကော်မတီနှင့် အမျိုးသမီးရေးရာ အဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

M-07