News

POST TYPE

LATEST NEWS POST

မိုးကောင်းတွင် ကားရထားနှင့် ဆိုင်ကယ်တိုက်မိ၊ တစ်ဦးစိုးရိမ်ရ
မြစ်ကြီးနား၊ ဧပြီ၂၅

ကချင်ပြည်နယ် မိုးကောင်းမြို့နယ်တွင် ယနေ့ (ဧပြီလ ၂၅ ရက်) နံနက် ၆ နာရီခွဲအချိန်ခန့်က နမ္မတီးဘူတာနှင့် မရမ်းဘူတာကြား မိုင်တိုင်အမှတ် ၆၉၂/၂၄ နှင့် ၆၉၃/၁ ကြား ပိန်းချောင်း မီးရထားသံလမ်းကူးတံတားတွင် ကားရထားနှင့်ဆိုင်ကယ်တစ်စီး တိုက်မိခဲ့၍ နှစ်ဦးဒဏ်ရာရရှိခဲ့ပြီး တစ်ဦးစိုးရိမ်ရကြောင်း ယင်းမြို့နယ်ရဲစခန်းထံမှ သိရသည်။

နမ္မတီးမြို့ လမ်းခွကျေးရွာနေ ဒေါ်ရွယ်ဆန်း (အသက် ၃၀ နှစ်) မောင်းနှင်ပြီး သားဖြစ်သူ မျိုးဆန်းအောင် (၇ နှစ်) နောက်ထိုင်စီးနင်းလိုက်ပါလာသော စူပါကပ်ဆိုင်ကယ်ဖြင့် တံတားဖြတ်ကူးစဉ် နမ္မတီးဘက်မှ မြစ်ကြီးနားဘက်သို့ ထွက်ခွာလာသော RBE ကားရထားနှင့် တိုက်မိရာ ဒေါ်ရွယ်ဆန်းတွင် ဦးခေါင်းနောက်စေ့ ဘယ်ပေါင်ပွန်းပဲ့ပေါက်ပြဲဖြင့် ဒဏ်ရာစိုးရိမ်ရပြီး မောင်မျိုးဆန်းအောင်တွင် ဘယ်ပေါင်၊ နဖူးပွန်းပဲ့ဒဏ်ရာ (မစိုးရိမ်ရ) ရရှိကာ နမ္မတီးဆေးရုံမှ မြစ်ကြီးနားဆေးရုံသို့ ဆက်လက်ပို့ဆောင်ထားကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

R-06