News

POST TYPE

LATEST NEWS POST

လူလေးယောက်သတ်သွားသည့် ကိုယ်လုံးတီး သေနတ်သမားကို ဖမ်းမိ
24-Apr-2018



ဝါရှင်တန် ဒီစီ၊ ဧပြီ ၂၃

တန်နက်ဆီ ပြည်နယ်ရှိ Waffle House စားသောက်ဆိုင်တွင် လူလေးဦးသတ်ပြီးနောက် ကိုယ်လုံးတီးချွတ်ကာ ထွက်ပြေးသွားသည့် သေနတ်သမားကို နက်ရှ်ဗေးလ် ရဲဌာနက ဖမ်းဆီးခဲ့သည်ဟု BBC သတင်းဌာနတွင် ဖော်ပြသည်။

အသက် ၂၉ နှစ်အရွယ် ထရားဗစ်ရိန်းကင်းကို သစ်တောထူထပ်သည့်နေရာတွင် ဖမ်းဆီးမိခဲ့သည်ဟု ရဲဌာနမှ ထုတ်ပြန်သည်။

ဧပြီလ ၂၂ ရက်နေ့တွင် သေနတ်သမားသည် အပေါ်ယံကုတ်အင်္ကျီသာ ဝတ်ထားပြီး AR 15 ရိုင်ဖယ်ဖြင့် စားသောက်ဆိုင်အပြင်မှ လူနှစ်ဦးနှင့် ဆိုင်တွင်းမှ လူနှစ်ဦးတို့ကို ဝင်ရောက်ပစ်ခတ်ခဲ့ကာ ကုတ်အင်္ကျီချွတ်၍ ကိုယ်လုံးတီးထွက်ပြေးခဲ့သည်။

ထွက်ပြေးပြီးနောက်တွင် ၎င်းနေထိုင်ရာ တိုက်ခန်းသို့ပြန်၍ အဝတ်အစားဝတ်ဆင်ကာ ထွက်ပြေးတိမ်းရှောင်ခဲ့ခြင်းဖြစ်သည်။

စုတ်ပြဲနေသည့် ရှပ်အင်္ကျီကို ဝတ်ထားပြီး ခန္ဓာကိုယ်တွင် ထိခိုက်ထားသော အဆိုပါတရားခံ၏ ဓာတ်ပုံကို ရဲဌာနက လူမှုကွန်ယက်ပေါ်သို့ တင်ခဲ့သည်။

တရားခံအား ရှာဖွေတွေ့ရှိချိန်တွင် ပြောင်းတိုသေနတ်နှင့် ၎င်း၏ ကျောပိုးအိတ်ထဲတွင်လည်း ကျည်တောင့်များ ရှာဖွေတွေ့ရှိခဲ့သည်။ အဆိုပါတရားခံသည် ရဲအရာရှိများမေးမြန်းသော မေးခွန်းများကို ဖြေကြားခြင်းမရှိဘဲ ရှေ့နေတစ်ဦး ခေါ်ပေးရန် တောင်းဆိုခဲ့သည်ဟု သိရသည်။

F-06

  • VIA