News

POST TYPE

LATEST NEWS POST

ကျောက်စိမ်းတုံးများ တင်လာသည့်ကားကို ဖမ်းမိ
24-Apr-2018



လားရှိုး၊ ဧပြီ ၂၃

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန်းနီ ရေပူစစ်ဆေးရေးစခန်းတွင် ဧပြီလ ၂၂ ရက်နေ့ ညနေ ၅ နာရီခွဲခန့်က ကျောက်စိမ်းတုံးများကို သိုဝှက်သယ်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီးကို ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ကြောင်း ယင်းစခန်းထံမှ စုံစမ်းသိရှိရသည်။ 

ယင်းနေ့က ပြည်ထောင်စုလမ်းပေါ်တွင် ရပ်ထားသည့် မှန်လုံယာဉ်တစ်စီးကို တွေ့ရှိရသဖြင့် ရေပူစခန်းသို့ စစ်ဆေးရန် မောင်းယူခဲ့ရာ ကားကြမ်းခင်းအောက်တွင် အံဝှက်လုပ်၍ သယ်ဆောင်လာသည့် ကျောက်စိမ်းတုံးများကို ရှာဖွေတွေ့ရှိရခြင်းဖြစ်ကြောင်း ရေပူစစ်ဆေးရေးစခန်း တာဝန်ရှိသူများထံမှ သိရသည်။ 

အဆိုပါ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ အမှုဖွင့်ဆောင်ရွက်နေကြောင်း လားရှိုးမြို့၊ အကောက်ခွန်ဦးစီးဌာနထံမှ သိရသည်။

ဓာတ်ပုံ- အကောက်အခွန်ဦးစီးဌာန

R-07

  • VIA