News

POST TYPE

LATEST NEWS POST

ဇနီး နောက်ယောကျာ်းယူသွား၍ ကြိုးဆွဲချသေဆုံး
24-Apr-2018

တောင်ငူ၊ ဧပြီ ၂၃

ပဲခူးတိုင်း တောင်ငူမြို့နယ် မင်းလမ်းကျေးရွာနေ အမျိုးသားတစ်ဦးသည် ဇနီးဖြစ်သူ နောက်ယောကျာ်းယူသွားသဖြင့် ဧပြီ ၂၂ ရက်နေ့နံနက်ပိုင်းက ၎င်း၏နေအိမ်တွင် ကြိုးဆွဲချအဆုံးစီရင်ခဲ့ကြောင်း ကျွန်းကုန်းနယ်မြေရဲစခန်းထံမှ သိရသည်။

အဆိုပါကျေးရွာနေ ဦးရန်နိုင်ထွေး (၃၄ နှစ်) သည် ၎င်း၏ နေအိမ်အိပ်ခန်းဝင်ပေါက်ရှိ အမြင့် ၆ ပေခွဲခန့်ရှိသည့် သစ်သားကျည်းပေါင်တန်းတွင် အနီရောင်ခြုံစောင်ဖြင့် ကြိုးဆွဲချ သတ်သေခဲ့ခြင်းဖြစ်ကြောင်း အဆိုပါရဲစခန်းထံမှ သိရသည်။

“သူ့ပတ်ဝန်းကျင်က ပြောတာတော့ အိမ်ထောင်ကွဲနေတာ တစ်နှစ်လောက်ရှိပြီလို့ သိရတယ်။ အရက်သေစာလည်း သောက်စားမှုများပုံရပြီး အခင်းဖြစ်တဲ့နေ့က နေအိမ်အိမ်ခန်းတံခါးဘောင်မှာ ကြိုးဆွဲချ သေဆုံးနေတာပါ”ဟု ကျွန်းကုန်း နယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ယင်းအမှုနှင့်ပတ်သက်၍ ကျွန်းကုန်း နယ်မြေရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၁/၂၀၁၈ ဖြင့် အမှုဖွင့်လှစ် စစ်ဆေးဆောင်ရွက်နေကြောင်း အဆိုပါရဲစခန်းထံမှ သိရသည်။

R-15


  • VIA