POST TYPE
LATEST NEWS POST
ကုန်သွယ်မှုပမာဏ စံချိန်တင်
24-Apr-2018

ရန်ကုန်၊ ဧပြီ ၂၃
၂၀၁၇-၁၈ ဘဏ္ဍာနှစ် ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၃၃ ဘီလီယံခန့်ဖြင့် စံချိန်တင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။
ယခုနောက်ပိုင်းနှစ်များအတွင်း ပြည်ပကုန်သွယ်မှုပမာဏ အများဆုံးအဖြစ် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်က အမေရိကန် ဒေါ်လာ ၂၉ ဘီလီယံကျော်ဖြင့် အများဆုံး စံချိန်တင်ထားရာမှ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ထပ်မံ၍ ယင်းစံချိန်ကို ကျော်ဖြတ်သွားခြင်းဖြစ်သည်။
၂၀၁၇-၁၈ ဘဏ္ဍာနှစ်၌ ပို့ကုန်ပမာဏ သိသာစွာ တိုးတက်လာသော်လည်း သွင်းကုန်ပမာဏသည် အမေရိကန် ဒေါ်လာ သန်း ၄၀၀၀ ကျော်ရှိနေသည့်အတွက် များပြားနေဆဲဖြစ်ကြောင်း၊ ထိုသို့ ကုန်သွယ်မှုလိုငွေပမာဏ များပြားခြင်းကြောင့် နိုင်ငံ့စီးပွားရေးအခြေအနေနှင့် ငွေကြေးဖောင်းပွမှုတို့အတွက် စိုးရိမ်ရသည့်အတွက် ယခုထက်လျှော့ချနိုင်ရန် လိုအပ်ကြောင်း စီးပွားရေးပညာရှင်များက သုံးသပ်ပြောကြားသည်။
လက်ရှိအစိုးရ တာဝန်ယူသည့် ၂၀၁၆ ခုနှစ်အတွင်းက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က သတင်းထောက်များနှင့်တွေ့ဆုံစဉ် အစိုးရသက်တမ်းငါးနှစ်အတွင်း ပို့ကုန်သုံးဆအထိ မြင့်တက်အောင် လုပ်ဆောင်မည်ဟု ပြောကြားထားသည်။
၂၀၁၆-၁၇ ဘဏ္ဍာနှစ်နှင့် ၂၀၁၇-၁၈ ဘဏ္ဍာနှစ် ပို့ကုန်သွင်းကုန်ပမာဏကို နှိုင်းယှဉ်ရာတွင် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်က ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံနီးပါးနှင့် သွင်းကုန်ပမာဏ အမေရိကန်ဒေါ်လာ ၁၇ ဘီလီယံကျော်အထိ ရှိခဲ့ရာမှ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်၌ ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံကျော်နှင့် သွင်းကုန်ပမာဏ အမေရိကန် ဒေါ်လာ ၁၈ ဘီလီယံကျော်အထိရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။
S-04
- SOURCES
- The Voice
-
23-Feb-2019
-
23-Feb-2019
-
23-Feb-2019
-
23-Feb-2019
-
23-Feb-2019
-
23-Feb-2019
-
15-Feb-2019