News

POST TYPE

LATEST NEWS POST

ဗန်းမော် မြို့ဝင်ကြေးကောက်ခံသည့်ဂိတ်များ ပိတ်သိမ်း
22-Apr-2018



ဗန်းမော်၊ ဧပြီ ၂၁

ဗန်းမော်မြို့ရှိ မြို့ဝင်ဘီးခွန်ကောက်ခံသည့် ဂိတ်များတွင် ဘီးခွန်မကောက်စေရေးအတွက် ဧပြီလ ၂၀ ရက်မှစ၍ အပြီးဖယ်ရှားခဲ့ကြောင်း ယင်းမြို့နယ် စည်ပင်သာယာအဖွဲ့ရုံးထံမှ သိရသည်။

ကချင်ပြည်နယ်ရှိ မြို့ဝင်ဘီးခွန်ကောက်ခံမှုကို ပြည်နယ်အစိုးရအဖွဲ့၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ် စည်ပင်သာယာရေးဝန်ကြီးက ညွှန်ကြားခဲ့သည်။

ယင်းကြောင့် ဗန်းမော်မြို့တွင် အများပြည်သူ အနှောင့်အယှက်မဖြစ်စေရေး၊ ကုန်စည်ကူးသန်းရောင်းဝယ်မှုတွင် ပိုမိုလွယ်ကူစေရေး၊ ကုန်ဈေးနှုန်း ကျဆင်းရေးတို့အတွက် မြို့ဝင်ဘီးခွန် ကောက်ခံသည့်ဂိတ်ကို ပိတ်သိမ်းရခြင်းဖြစ်ကြောင်း ဗန်းမော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလှမိုးက ပြောသည်။ 

R-14

  • VIA