News

POST TYPE

LATEST NEWS POST

ကချင်ပြည်နယ်အတွင်းရှိ မြို့ဝင်ဘီးခွန်ဂိတ်များ ဖျက်သိမ်း
မြစ်ကြီးနား၊ ဧပြီ ၂၁

ကချင်ပြည်နယ်၊ စည်ပင်သာယာရေးအဖွဲ့ ကွပ်ကဲမှုလက်အောက်ရှိ မြို့နယ်နှင့် မြို့များတွင် ကောက်ခံလျက်ရှိသော မြို့ဝင် ဘီးခွန်ကောက်ခံသည့် ဂိတ်များကို ဖျက်သိမ်းလိုက်ကြောင်း ဧပြီလ ၁၈ ရက်နေ့က ပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှ ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ဧပြီလ ၁၂ ရက်နေ့က ကျင်းပသော ကချင်ပြည်နယ် အစိုးရအဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ ယခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လသာ မြို့ဝင်ဘီးခွန်လိုင်စင်များကို ဖျက်သိမ်းကြောင်း၊ ဧပြီလ ၁၉ ရက်နေ့မှ စတင်၍ လုံးဝကောက်ခံခြင်းမပြုရန် တားမြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါဘတ်ဂျက်နှစ် အသစ်မပြုလုပ်မီ ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လစာအတွက် ပေးသွင်းထားသော လုပ်ငန်းအာမခံငွေ ၁၀ ရာခိုင်နှုန်းနှင့် လေလံအရစ်ကျ ပေးသွင်းသောငွေများကို လုပ်ငန်းရှင်များကို ပြန်လည်ပေးအပ်မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

အဆိုပါ ခြောက်လပတ်ဘတ်ဂျက် နှစ်ပြီးဆုံးပါက မြို့ဝင်ဘီးခွန်ကောက်ခံမှုကို ပြန်လည်ကောက်ခံခြင်း ပြု မပြုကိုမူ မသိရှိရသေးပေ။

R-06