News

POST TYPE

LATEST NEWS POST

ကျွန်းလှ လေပြင်း နေအိမ် ၄၀ ကျော် ပျက်စီး
19-Apr-2018

ရွှေဘို၊ ဧပြီ ၁၉

ကျွန်းလှမြို့နယ်၊ ညောင်ကိုင်း ကျေးရွာအုပ်စုအတွင်း ဧပြီလ ၁၈ ရက်နေ့ ညက လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၄၁ လုံး အမိုးလန်ပျက်စီးခဲ့ပြီး နေအိမ်သုံးလုံးမှာ ခေါင်မိုးလန်ပြိုကျခဲ့ကြောင်း ကျွန်းလှမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်လင်းက ပြောကြားသည်။ 

အဆိုပါ မြို့နယ်အတွင်း ကျေးရွာသုံးရွာတွင် ပြီးခဲ့သည့် ဧပြီလ ၁၁ ရက်နေ့ ညပိုင်းကလည်း လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အလုံး ၇၀ ကျော် ပျက်စီးခဲ့သည်။

အလားတူ ကန့်ဘလူမြို့နယ်တွင်လည်း ယင်းနေ့ညပိုင်းက လေပြင်းတိုက်ခတ်ခဲ့ရာ ကျေးရွာအချို့တွင် နေအိမ်ပျက်စီးမှုများရှိကြောင်း ယင်းဒေသခံများထံမှ သိရသည်။

R-09