POST TYPE

LATEST NEWS POST

မလှိုင်တွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး
မိတ္ထီလာ၊ ဧပြီ ၁၈

မိတ္ထီလာခရိုင် မလှိုင်မြို့နယ် ထမ္မကြီးကျေးရွာအနောက်ဘက်ရှိ သင်္ချိုင်းကုန်းအနီးတွင် ဧပြီလ ၁၇ ရက်နေ့က အသက် ၃၆ နှစ်အရွယ် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးခဲ့ကြောင်း ယင်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။ 

ထမ္မကြီးကျေးရွာ အနောက်မြောက်ဘက် လေးဖာလုံခန့်အကွာ သင်္ချိုင်းကုန်းအနီးရှိ တမာပင်တွင် ဒေသခံအမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးနေကြောင်း သတင်းအရ ရဲတပ်ဖွဲ့နှင့်သက်သေများ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ ဦးစိုးလှိုင်ဟုသိရကြောင်း၊ ၎င်းသည် လက်သန်းလုံးခန့်ရှိသော ပလတ်စတစ်ကြိုးကို အသုံးပြု၍ ပြင်ပဒဏ်ရာမရှိဘဲ ကြိုးဆွဲချသေဆုံးခဲ့သည်ကို စစ်ဆေးတွေ့ရှိကြောင်း မှုခင်းမှတ်တမ်းအရ သိရသည်။ 

အဆိုပါ သေဆုံးမှုနှင့်ပတ်သက်၍ မလှိုင်မြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် (၃/၂၀၁၈) ဖြင့် ရေးဖွင့်ထားကြောင်း ယင်းရဲစခန်းထံမှ သိရှိရသည်။

R-01