News

POST TYPE

LATEST NEWS POST

ပေါင်းတည်အကျဉ်းထောင်မှ တပ်​ပြေးမှုနှင့်​ကျ​နေသူ ၁၅ ဦး လွတ်မြောက်
17-Apr-2018 tagged as



ပြည်၊ဧပြီ ၁၇

လွတ်ငြိမ်းချမ်းသာခွင့်​ကြောင့် ​တပ်ပြေး ၁၅ ဦးအပါအဝင် အကျဉ်းသား ၁၇ဦးပေါင်းတည်အကျဉ်းထောင်မှ လွတ်​​မြောက်​​ကြောင်း ပေါင်းတည် အကျဉ်းဦးစီးဌာန ဦးစီးအရာရှိ ဦးလွင်ဦးကပြောကြားသည်။

လွတ်ငြိမ်းချမ်းသာခွင့်ရရှိသူ ၁၇ဦးဖြစ်သော်လည်း သတ်မှတ်ရက်ပြည့်၍ ၂ဦးမှာ လွတ်ပေးပြီးဖြစ်ကာ ယနေ့နံနက်တွင် ၁၅ဦးလွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်းအဆိုပါအကျဉ်းထောင်မှသိရှိရသည်။

"တပ်မ​​တော် ​ အက်၊ တွေပေါ့ တပ်ပြေးတွေ ထောင်ဒဏ် ငါးနှစ်အချခံရတဲ့သူတွေပါ ကျန်နှစ်ဦးကမူးယစ်မှုနဲ့ ပါ"ဟု ဦးလွင်ဦးက ပြောသည်။

လွတ်ငြိမ်းချမ်းသာခွင့်ရသည့်ထဲတွင် ထောင်ဒဏ် ၁၆ နှစ် ကျခံရသည့်သူများပါဝင်ပြီး လွတ်ရက်ရောက်ရန် တစ်နှစ်ကျော်လိုသေးသူများလည်းပါဝင်ကြောင်း၎င်းကဆက်ပြောသည်။

ပေါင်းတည် အကျဉ်းထောင်တွင် အကျဉ်းသားပေါင်း ၃၂၆ဦး ရှိပြီး ထောင်ဆံ့အကျဉ်းသားအရေအတွက် ငါးရာဦးဖြစ်ကြောင်း အဆိုပါပေါင်းတည်အကျဉ်းထောင်မှစုံစမ်းသိရှိရသည်။

M06

  • TAGS