News

POST TYPE

LATEST NEWS POST

ပုသိမ်ထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်သူ ၄၇ ဦးရှိ
17-Apr-2018



ပုသိမ်၊ဧပြီ ၁၇

နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ယနေ့(၁၇-၄-၂၀၁၈)လွတ်မြောက်လာသူများထဲတွင် ပုသိမ်အကျဉ်းထောင်မှ ၄၇ဦး လွတ်မြောက်ကြောင်း ပုသိမ်အကျဉ်းထောင်မှ သိရသည်။

“ဒီလိုနှစ်သစ်နှစ်ဦးမှာ နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာတဲ့သူ ၄၇ ဦးရှိပါ တယ်၊ကျား ၄၆ ၊ မ ၁ဦးပါ၊ သူတို့တွေ ၀မ်းသာသလို ကျွန်​တော်တို့လည်း ၀မ်းသာပါတယ်၊ နောက်လည်း ဒီလိုမျိုး မကြာမကြာ လွှတ်ပေးနိုင်ရင်ကောင်းမှာပါ”ဟု ပုသိမ်အကျဉ်း​ထောင်မှ ဒုထောင်ပိုင် ဦးတင့်လွင် က ဆိုသည်။

“ဒီလိုမျိုး လွှတ်ပေးလိုက်တော့ အရမ်းဝမ်းသာပါတယ်၊ ထင်လည်းမထားပါဘူး၊ အခု ကျွန်​​တော်​တို့ကို လွတ်လပ်ခွင့်ပေးသလိုမျိုး ထောင်ထဲမှာ ကျန်ခဲ့တဲ့ သက်ကြီးရွယ်အိုတွေ၊ ဌာနဆိုင်ရာအငြိမ်းစားတွေကိုလည်း လွှတ်ပေးဖို့တော့ပြောချင်ပါတယ်”ဟု ဟသာင်္တမြို့၊ဗုံးပေါက်ကွဲမှုတွင် အမှု(၇)ခုဖြင့် ၂၀၁၂-ခုနှစ်က ထောင်ဒဏ် ၁၀၁ နှစ် ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရပြီး ယနေ့ပြန်လည်လွတ်မြောက်လာသည့် ABSDF မှ ကိုသန်းကိုဦးက ပြောပြသည်။

နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပုသိမ်အကျဉ်းထောင်မှ ယနေ့မွန်းလွဲ (၂) နာရီတွင် အကျဉ်းသား ၄၆ ဦး၊ အကျဉ်းသူ ၁ ဦး စုစုပေါင်း ၄၇ ဦး ကို လွှတ်ပေးခဲ့ကြောင်း၊ ယခုပြန်လည် လွတ်မြောက်လာကြသူများတွင် ခိုး၊ဆိုး၊လု၊နှိုက်မှုဖြင့် ပြစ်ဒဏ်ကျခံနေရသူများ မပါဝင်ကြောင်း ပုသိမ်အကျဉ်းထောင်မှ သိရသည်။

ZawG (R-11)