News

POST TYPE

LATEST NEWS POST

သင်္ကြန်ကာလအတွင်း ရန်ကုန်ဆေးရုံကြီး အရေးပေါ်တွင်​ ထိခိုက်ဒဏ်ရာရ၍ တက်ရောက်သူ ၇၀၈ ဦးရှိ
17-Apr-2018

ရန်ကုန်၊ ဧပြီ ၁၇

သင်္ကြန်ကာလ လေးရက်အတွင်း ရန်ကုန်ဆေးရုံကြီး အရေးပေါာကုသ ဌာနသို့ ယာဉ်မတော်တဆမှု အပါအဝင် ခိုက်ရန်ဖြစ်ပွားမှုနှင့် မတော်တ ဆမှုပေါင်းစုံကြောင့် ထိခိုက်ဒဏ်ရာရရှိသူ လူနာ ၇၀၈ဦး ရောက်ရှိခဲ့ပြီး ယာဉ်မတော်တဆမှုဖြင့် သေဆုံးသူ အမျိုးသား ၁ဦး ပါဝင်ကြောင်း ဆေးရုံအုပ် ဒေါက်တာခင်သဂီင်္မြင့်က ပြောကြားသည်။

“ သင်္ကြန်အကြိုနေ့ကလွဲပြီးတော့ ကျန်သုံးရက်မှာ ထိခိုက်ဒဏ်ရာ နဲ့ အရေးပေါာရောက်လာတဲ့ လူနာတွေ သေဆုံးမှု မရှိဘူး။ တစ်ခြားကုသ ရေးဌာနတွေမှာတော့ ရောဂါကြောင့် သေဆုံးသူတွေတော့ ရှိတယ် " ဟု ၄င်းက ဆိုသည်။

သင်္ကြန်အတက်နေ့၌ ထိခိုက်ဒဏ်ရာဖြင့် အရေးပေါာဌာနသို့ တင်ပို့ရသူ များစာရင်းအရ ယာဉ်မတော်တဆမှု ၅၄ဦး ခိုက်ရန်ဖြစ်ပွားမှု ၅၄ဦးနှင့် အခြား မတော်တဆမှု ၈၀ရှိကြောင်း ရန်ကုန်ဆေးရုံကြီး အရေးပေါာကု သရေးဌာနထံမှ သိရသည်။

ယင်းထိခိုက်ဒဏ်ရာရရှိမှု ပမာဏသည် ရန်ကုန်ဆေးရုံကြီး တစ်ခုတည်း ၏ စာရင်းဖြစ်ပြီး ဧပြီ ၁၃ရက် ( သင်္ကြန်အကြိုနေ့) တွင်မူ ထိခိုက်ဒဏ် ရာရရှိသူ ၁၅၉ဦးအနက် ယာဉ်မတော်တဆမှုကြောင့် ၁ ဦး သေဆုံးခဲ့ ကာ ဧပြီ ၁၄ရက် ( သင်္ကြန်အကျနေ့ ) ၌ ထိခိုက်ဒဏ်ရာကြောင့် ဆေး ရုံရောက်ရှိသူ ၁၇၇ဦးနှင့် ဧပြီသိရသည်။ ၁၅ရက် (သင်္ကြန်အကြတ်နေ့ ) ၌ ထိ ခိုက်ဒဏ်ရသူ ၁၇၇ ဦး အသီးသီးရှိကြောင်း ရန်ကုန်ဆေးရုံကြီး လူနာ မှတ်တမ်းများအရ 

ထို့အပြင် သင်္ကြန်ရုံးပိတ်ရက် ၅ခိုက်ရန်ဖြစ်ပွားတို့ကြောင့်ရက်တွင် နှစ်ဆန်းတစ်ရက်နေ့အထိ သတ်မှတ်ထားသည့်အတွက် သင်္ကြန်ကာလ၏ ယာဉ်မတော်တဆမှုနှင့် အရေးပေါာကုသရေးဌာနသို့ ရောက်ရှိသည့် လူနာစာရင်းအချုပ်ကို ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း ရန်ကုန်ဆေးရုံကြီး အုပ်ချုပ်ရေးအဖွဲ့ထံမှ စုံစမ်းသိရသည်ရေ
" သင်္ကြန်လေးရက်ထဲမှာ နောက်ဆုံးဖြစ်တဲ့ အတက်နေ့က ထိခိုက်ဒဏ် ရာနဲ့ လူနာအများဆုံး ရောက်တယ်။ ဒါပေမယ့် သေဆုံးသူတော့ မရှိဘူး" ဟု အရေးပေါာကုသရေးဌာနမှ တာဝန်ကျဆရာဝန်တစ်ဦးက ဆိုသည်။

ယခင်နှစ်သင်္ကြန်တွင်းက ရန်ကုန်ဆေးရုံကြီး အရေးပေါ်ကုသဌာနသို့ ထိခိုက်ဒဏ်ရာရရှိပြီး တက်ရောက်ကုသ သူများအနက်မှ သေဆုံးသူ ၉ဦးခန့် ရှိကြောင်း ယင်းဆေးရုံမှတ်တမ်းများအရ သိရသည်။

J-17