News

POST TYPE

LATEST NEWS POST

နွားထိုးကြီးတွင် သင်္ကြန်လည်သောကားမှောက်၍ နှစ်ဦးသေ၊ ၁၈ ဦး ဒဏ်ရာရ
16-Apr-2018 tagged as


မိတ္ထီလာ၊ ဧပြီ ၁၆

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ် ဝက်လူး-မြို့သာသွား ကားလမ်းပေါ်တွင် သင်္ကြန်အတက်နေ့ မွန်းလွဲပိုင်းက သူဌေးကုန်းရွာမှ သင်္ကြန်လည်မည့် လိုက်ထရပ်ယာဉ်မှောက်၍ နှစ်ဦးသေဆုံးပြီး ယာဉ်မောင်းအပါအဝင် ၁၈ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းအဖွဲ့များထံမှ စုံစမ်းသိရှိရသည်။

သေဆုံးသူ နှစ်ဦးမှာ ကိုချစ်စမ်းမောင်နှင့် ကိုသန်းအောင်စိုးတို့ဖြစ်ပြီး ဒဏ်ရာပြင်းထန်သူသုံးဦးကို မန္တလေးဆေးရုံသို့ ပို့ဆောင်ထားကာ ကျန် ၁၅ ဦးကို ဝက်လူးတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း အဆိုပါယာဉ် တိမ်းမှောက်မှုကို လိုက်လံကူညီပေးနေသော နွားထိုးကြီးမြို့ မေတ္တာမွန် လူမှုကူညီရေးအသင်းထံမှသိရသည်။

ဝက်လူး- မြို့သာသွားကားလမ်း မိုင်တိုင်အမှတ် (၈/၄) နှင့်( ၈/၅) ကြားတွင် ယနေ့မွန်းလွဲ ၁ နာရီခွဲအချိန်က နွားထိုးကြီးမှ ဝက်လူးဘက်သို့ ယာဉ်မောင်း တင်လင်းကျော် မောင်းနှင်သော လိုက်ထရပ်ကားသည် ရှေ့ဘီးပေါက် ကာ တိမ်းမှောက်ခဲ့ပြီး သေဆုံးဒဏ်ရာရသူများခဲ့သဖြင့် အမှုဖွင့်အရေးယူမည်ဖြစ်ကြောင်း မြင်းခြံခရိုင်ရဲတပ်ဖွဲ့မှူးရုံးထံမှလည်း သိရသည်။

R-01

  • TAGS