News

POST TYPE

LATEST NEWS POST

သီပေါမြို့နယ်အတွင်း တပ်မတော်နှင့်လက်နက်ကိုင်အဖွဲ့ ပစ်ခတ်မှုဖြစ်၊ လားရှိုး-မူဆယ်လမ်း အချိန်ပိုင်းပိတ်
03-Apr-2018

သီပေါ၊ ဧပြီ ၂

ရှမ်းပြည်နယ်မြာက်ပိုင်း သီပေါမြို့နယ်အတွင်း မိုင်းထောင်ရန် လုပ်ဆောင်နေသည်ဆိုသော လက်နက်ကိုင်အဖွဲ့တစ်ခုနှင့် နယ်မြေခံတပ်မတော်တို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လားရှိုး-မူဆယ်လမ်းမှာ အချိန်အနည်းငယ် သွားလာမှု ရပ်ဆိုင်းသွားကြောင်း သီပေါမြို့မရဲစခန်းထံမှ သိရသည်။ 

သီပေါမြို့နယ် ကုန်းသာရွာအနီး မိုင်တိုင် ၁၄၀ အနီး လမ်း၏ ယာဘက်အခြမ်းတွင် မိုင်းထောင်ရန် လုပ်ဆောင်နေသည့် လက်နက်ကိုင်အဖွဲ့နှင့် နယ်မြေခံတပ်မတော်တပ်ရင်းတို့ ထိတွေ့ပစ်ခတ်မှုဖြစ်ပေါ်ခဲ့ပြီး ပစ်ခိုက်တိုက်ခိုက်ချိန်တွင် ပြည်ထောင်စုလမ်းပေါ် သွားလာနေသည့် ခရီးသည်ပို့ဆောင်ရေးယာဉ်များ၊ ကုန်တင်ယာဉ်များကို ခေတ္တရပ်နားထားခြင်းဖြစ်ကြောင်း၊ မွန်းလွဲ ၂ နာရီခန့်တွင် ပုံမှန်သွားလာနေပြီဖြစ်ကြောင်း ယင်းရဲစခန်းမှသိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်ထောင်စုလမ်း နောင်ချို၊ ကျောက်မဲ၊ သီပေါအနီးဝန်းကျင်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ သွားလာလှုပ်ရှားနေခြင်းဖြစ်ပြီး ကျောက်မဲမြို့အဝင် တိုးဂိတ်အနီးတွင် မတ်လ ၂၆ ရက်နေ့ ည ၁၁ နာရီ မိနစ် ၃၀ အချိန်တွင် မိုင်း၂ လုံး ပေါက်ကွဲမှုဖြစ်ခဲ့သေးသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြစ်သော TNLA၊ RCSS/SSA၊ SSPP/SSA လက်နက်ကိုင်အဖွဲ့များ သွားလာလှုပ်ရှားနေသည်။ 


  • VIA