News

POST TYPE

LATEST NEWS POST

စောဖိုးခွား၏မွေးနေ့ ဂီတဖျော်ဖြေပွဲ ယနေ့ကျင်းပမည်
14-Mar-2018

ရန်ကုန်၊ မတ် ၁၄

ငြိမ်းရေးကို ရည်ရွယ်၍ အဆိုတော် စောဖိုးခွားက “ချစ်ကြပါ (သို့) အမုန်းများရပ်၊ ငြိမ်းချမ်းရေး ရပ်ဂေးဂီတည”ဟု နာမည်ပေးထားသည့် မွေးနေ့ပွဲဂီတဖျော် ဖြေပွဲကို ယနေ့(မတ်လ ၁၅ ရက်) ဗိုလ်တထောင်ဘုရားအနီးရှိ Vintage Luxury Yacht တွင် အခမဲ့ဖျော်ဖြေသွားမည်ဖြစ်သည်။

အဆိုပါဖျော်ဖြေပွဲ၏ ပထမပိုင်း အစီအစဉ်ဖြစ်သော ညနေ ၄ နာရီမှ ည ၇ နာရီတွင် မသန်စွမ်းကလေးငယ်များ၊ ပုံမှန် ကလေးများနှင့်အတူ အနုပညာရှင်အချို့က ဆော့ကစားခြင်း၊ လက်ရှိကာလ၌ မကြာခဏ ဖြစ်ပွားနေသာ သက်ငယ်မုဒိမ်းမှုများနှင့်ပတ်သက်၍ ပညာပေးခြင်းများ ပြုလုပ်သွားမည်ဖြစ်သည်။

“အဓိကရည်ရွယ်တာတော့ ငြိမ်း ချမ်းရေးပါပဲ၊ ငြိမ်းချမ်းမှပဲ ကလေးတွေ စာကောင်းကောင်းသင်လို့ရမယ်၊ တိုင်းပြည် တိုးတက်မယ်၊ ဒီပွဲကလည်း ငြိမ်းချမ်းရေးကို ဦးတည်တာပါ”ဟု အဆိုတော် စောဖိုးခွားက ဆိုသည်။

အစီအစဉ် ဒုတိယပိုင်းတွင် ငြိမ်းချမ်းရေးနှင့်ပတ်သက်သော အနုပညာပြကွက်များနှင့် စောဖိုးခွား၏ ဂီတဖျော်ဖြေမှုများကို ည ၇ နာရီမှ ၁၀ နာရီထိ ပြုလုပ်မည် ဖြစ်သည်။

ဝေလင်း