News

POST TYPE

LATEST NEWS POST

မြန်မာ၌ ရင်းနှီးမြှုပ်နှံရန် ဆွစ်ဇာလန်ကုမ္ပဏီများ စိတ်ဝင်စားစိတ်ဝင်စား

ရန်ကုန်၊ မတ် ၁၄

မြန်မာနိုင်ငံအတွင်းသို့ စီးပွားရေးလုပ်ငန်းများ လာရောက်ရင်းနှီးမြှုပ်နှံလုပ်ကိုင်ကြရန် ဆွစ်ဇာလန် ကုမ္ပဏီများအနေနှင့် စိတ်ဝင်စားလျက်ရှိကြောင်း ဆွစ်ဇာလန် သံအမတ် Ms.Livia Leu  က ပြောကြားကြောင်း ကုန်သည်စက်မှုအသင်းချုပ်က ထုတ်ပြန်သည်။ 

မတ်လ ၁၃ ရက်နေ့က ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းရှိ ကုန်သည်စက်မှု အသင်းချုပ်တွင် ပြုလုပ်သည့် မြန်မာ-ဆွစ်ဇာလန် နှစ်နိုင်ငံအကြား စီးပွားရေး အခွင့်အလမ်းများ ပူးပေါင်းတိုးမြှင့်ရေး ဆိုင်ရာ ဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။ 

လက်ရှိတွင် ဆွစ်ဇာလန်ကုမ္ပဏီ ပေါင်း ၂၅ ခုသည် မြန်မာနိုင်ငံအတွင်း ဝင်ရောက်လုပ်ကိုင်လျက်ရှိပြီး လာရောက် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားသည့် ကုမ္ပဏီ များစွာလည်းရှိကာ ရင်းနှီးမြှုပ်နှံရန်စိတ်ဝင်စားသည့် ကုမ္ပဏီများအနေနှင့် မြန်မာ နိုင်ငံအတွင်း ဥပဒေမူဘောင်ဖွံ့ ဖြိုးလာရန် နှင့် ဉာဏပစ္စည်းမူပိုင်ခွင့် ဥပဒေထွက်ရှိ လာရန် စောင့်ဆိုင်းနေခြင်းဖြစ်ကြောင်း ဆွစ်ဇာလန်သံအမတ် Ms.Livia Leu က ပြောဆိုကြောင်း ကုန်သည်စက်မှုအသင်းချုပ် ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရန်နှင့် ကုန်သွယ်မှု မြှင့်တင်ရန်အတွက် မူပိုင်ခွင့်ဥပဒေကို အမြန်ဆုံးအတည်ပြုနိုင်ရေး၊ ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ရရှိနိုင်ရေးအပြင် နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးရေးအတွက် သဘောတူစာချုပ် ချုပ်ဆိုနိုင်ရေးအတွက် ဆွစ်ဇာလန် သံအမတ် ဦးဆောင်သည့် သံရုံးမှတာဝန်ရှိသူများ၊ ဆွစ်ဇာလန် လုပ်ငန်းရှင်များနှင့် ကုန်သည်စက်မှု အသင်းချုပ်မှ တာဝန်ရှိသူများ ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း ယင်းအသင်းချုပ်ထံမှ သိရသည်။ 

ထို့ပြင် နည်းပညာမြင့် စက်မှုကုန် ထုတ်လုပ်ငန်းများ၊ လျှပ်စစ်နှင့် စွမ်းအင်လုပ်ငန်းများ၊ အာမခံလုပ်ငန်း၊ စားသောက်ကုန်ထုတ်လုပ်ငန်း၊ ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်း စသည့်ကဏ္ဍများကို ပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် နှစ်နိုင်ငံလုပ်ငန်းရှင်များ ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး ယခုတွေ့ဆုံဆွေးနွေးခြင်းသည် မြန်မာ-ဆွစ်ဇာလန် နှစ်နိုင်ငံအကြား ငါးနှစ်ကြာကာလအတွင်း တတိယအကြိမ်မြောက် တွေ့ဆုံခြင်းဖြစ်ကြောင်း ကုန်သည်စက်မှု အသင်းချုပ်ထံမှ သိရသည်။

J-11