News

POST TYPE

LATEST NEWS POST

တက္ကသိုလ်ဝင်တန်း မေးခွန်းများ စာ​မေးပွဲ​​ချိန်အတွင်း အွန်လိုင်းတွင် ပေါက်ကြား၍ ၆၆ (ဃ) ဖြင့် အမှုဖွင့်
တောင်​ငူ၊ မတ်​ ၁၃

တက္ကသိုလ်ဝင်တန်းစာမေးပွဲ အင်္ဂလိပ်၊ သင်္ချာနှင့် ဓာတုဗေဒ ဘာသာရပ်များ ဖြေဆိုချိန် မပြည့်မီ လူမှုကွန်ရက်ပေါ်တင်ခဲ့သူကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်လိုက်ကြောင်း ပဲခူးမြို့နယ် အမှတ် (၂) နယ်မြေရဲစခန်းမှ ရဲအုပ်စန်းလွင်က ပြောကြားသည်။

ပဲခူးတိုင်း​ ပညာ​ရေးမှူးရုံး ဒုတိယညွှန်​ကြားရေးမှူးတစ်​ဦးက တရားလိုပြုလုပ်​၍ မတ်လ ၁၂ ရက်နေ့က Sayar Bone ဆိုသည့် ဖေ့စ်ဘွတ်အကောင့်ပိုင်ရှင်ကို ၆၆(ဃ) ဖြင့် အမှုဖွင့်လိုက်ပြီး ရှာဖွေနေဆဲဖြစ်ကြောင်း ၎င်းကဆိုသည်။

တရားစွဲဆိုသူ ဒုတိယညွန်​ကြား​ရေးမှူး (စီမံ)​ ဒေါ်​မေသက်​နွယ်​သည်​ မတ်​လ ၁၂ ရက်​​နေ့ နံနက်​ပိုင်းက ၎င်းရုံးမှဝန်​ထမ်းတစ်​ဦးမှ လူမှုကွန်​ရက်​ စာမျက်​နှာ​ပေါ်တွင်​ ယခုနှစ်​တက္ကသိုလ်​ဝင်​တန်းစာ​မေးပွဲ ဓာတုဗေဒမေးခွန်းလွှာကို Sayar Bone အ​ကောင့်မှ တင်​ထားသည်​ကို ​တွေ့ရှိခဲ့ရပြီး အဆိုပါ​​ဖေ့ဘွတ်ခ် အ​ကောင့်ပိုင်​ရှင်​မှ မတ်​လ ၈ ရက်​​နှင့် ၉ ရက်​​နေ့များတွင်​ ​ဖြေဆိုသည့် အင်္ဂလိပ်​စာ​နှင့် သင်္ချာမေးခွန်းများကိုလည်း Screen Shot ရိုက်ပြီး “အန္တရာယ်​ကြားက ​မေတ္တာ”ဟု​ရေးသားကာ စာ​မေးပွဲ​ဖြေဆိုချိန်​ မပြည့်မီ တင်​ထားသည်​ကို ​တွေ့ရှိခဲ့ရသဖြင့် ဆက်သွယ်​​ရေး ကွန်​ရက်​တစ်​ခုကို အသုံးပြုပြီး ပညာရေးဌာန၏ ဂုဏ်​သိက္ခာ ကျဆင်း​စေရန်​ အသ​ရေဖျက်​ခြင်း အ​နှောင့်အ​ယှက်​ခြင်း ပြုလုပ်​သူ Sayar Bone ​ဖေ့ဘွတ်ခ် အ​ကောင့်ပိုင်​ရှင်​ကို ဥပ​ဒေနှင့်အညီ အ​ရေးယူ ​ဆောင်​ရွက်​​ပေးရန်​ တင်​ပြတိုင်​ကြားခဲ့ကြောင်း ယင်းတိုင်ကြားစာအရ သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဒေါ်​​မေသက်​နွယ်​ထံ မတ်​လ ၁၃ ရက်​​နေ့ ညနေ ၄ နာရီခန့်က ဖုန်းဖြင့် ဆက်​သွယ်​စုံစမ်း​မေးမြန်းရာ တိုင်းအစိုးရ အဖွဲ့အစည်း​အဝေး တက်​​နေကြောင်း ပညာ​ရေးဝန်​ထမ်းတစ်​ဦးက ပြန်လည်​​ဖြေကြားသည်​။

အဆိုပါ အမှုနှင့်ပတ်​သက်​ပြီး Sayar Bone အ​ကောင့်ပိုင်​ရှင်​ကို ပဲခူးမြို့နယ်​ အမှတ်​ ၂ နယ်​​မြေရဲစခန်းမှ ဆက်​သွယ်​​ရေး ဥပ​ဒေပုဒ်​မ ၆၆ (ဃ) ဖြင့်အမှုဖွင့်လှစ်​ စစ်​​ဆေး​ဆောင်​ရွက်​​နေ​ကြောင်း အဆိုပါ ရဲစခန်းထံမှ သိရသည်။

R-15