News

POST TYPE

LATEST NEWS POST

ဆိုရှယ်မီဒီယာပေါ်မှာ Like များများရဖို့ ခန္ဓာကိုယ်ကို မီးရှို့ပြီး ရေထဲခုန်ချပြ
14-Sep-2016 tagged as နိုင်ငံတကာ

ရုရှားကဆယ်ကျော်သက် လူငယ်တစ်ဖွဲ့ဟာ ဆိုရှယ်မီဒီယာပေါ်မှာ Like များများရဖို့ လူသိများ ထင်ရှားဖို့အတွက် ကိုယ့်ခန္ဓာကိုယ်ကို မီးရှို့ပြီး တံတားတစ်ခုပေါ်ကနေ မြစ်ထဲ ခုန်ချပြခဲ့ကြပါတယ်။

ယင်း ရုရှားဆယ်ကျော်သက် လူငယ်အဖွဲ့ဟာ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် လောင်စာဆီတွေနဲ့ လောင်း၊ မီးရှို့ပြီး မီးလောင်နေမှ တံတားပေါ်ကနေ ရေထဲကို ခုန်ချပြတဲ့ ပြကွက်ကို ဗွီဒီယိုရိုက်ပြီး ဆိုရှယ်မီဒီယာမှာ တင်ခဲ့ကြတာ ဖြစ်ပါတယ်။

သူတို့ဟာ ဆိုရှယ်မီဒီယာပေါ်မှာ Like နဲ့ View တွေ များများရဖို့ ဒီစတန့်ပြကွက်ကို လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း အဲဒီအဖွဲ့မှာ ပါဝင်တဲ့ ဆယ်ကျော်သက် တစ်ဦးကိုယ်တိုင် ထုတ်ဖော် ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။

ဒီပြကွက်အတွင်းမှာ တစ်ဦးတစ်ယောက်မှ ထိခိုက်ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိခဲ့ခြင်း မရှိပေမယ့် သူတို့ထဲက တစ်ဦးကိုတော့ ရဲတပ်ဖွဲ့က ဖမ်းဆီး ထိန်းသိမ်းထားပြီး စစ်ဆေးမေးမြန်းနေတယ်လို့ ဒေသတွင်း မီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

Ref : Daily Mail