News

POST TYPE

LATEST NEWS POST

အမေရိကန်ဗုံးကြဲလေယာဉ်များ တောင်ကိုရီးယားတွင် ပျံသန်းစစ်ရေးပြ
13-Sep-2016

မြောက်အောက်ခံတပ်များကိုပင် ဖြိုဖျက်နိုင်သည့် နူးကလီးယားဒုံးကျည်များ၊ ဗုံးများ သယ်ဆောင်နိုင်သည့် B-1 မြန်နှုန်းမြင့် ဗုံးကြဲလေယာဉ်နှစ်စင်းကို အမေရိကန်က တောင်ကိုရီးယားနိုင်ငံ၌ ယနေ့(စက်တင်ဘာ ၁၃ ရက်)တွင် ပျံသန်းကာ စစ်အင်အားပြခဲ့သည်။

အဆိုပါဗုံးကြဲလေယာဉ်နှစ်စီးသည် တောင်၊ မြောက်ကိုရီးယား နယ်နိမိတ်နှင့် ၄၈ မိုင်ကွာဝေးသော လေကြောင်းအခြေ စိုက်စခန်းပေါ်မှ ဖြတ်ပျံသန်းခဲ့ခြင်းဖြစ်သည်။


လေယာဉ်ပျံသန်းမှုကို မူလက ယမန်နေ့(စက်တင်ဘာ ၁၂ ရက်)က ပြုလုပ်မည်ဟု စီစဉ်ထားသော်လည်း ဗုံးကြဲလေယာဉ်များထားရှိရာ အနောက်ပစိဖိတ်သမုဒ္ဒရာရှိ အမေရိကန်ပိုင် ဂူအမ်ကျွန်းရှိ ရာသီဥတု အခြေအနေမကောင်ခြင်းကြောင့် ကြန့်ကြာသွားရခြင်းဖြစ်သည်။

မြောက်ကိုရီးယားက၏ ငါးကြိမ်မြောက် နျူကလီးယား စမ်းသပ်မှုကို ပြုလုပ်ခဲ့ပြီးနောက် အမေရိကန်က ယခုကဲ့သို့ ဗုံးကြဲလေယာဉ်များကို ပျံသန်းပြခဲ့ခြင်းဖြစ်သည်။ထိုသို့နျူလီးယား စမ်းသပ်မှုနှင့်
ပတ်သက်၍လည်း ဆိုးရွားသည့် အကျိုးဆက်များ ဖြစ်ပေါ်လာနိုင်သည်ဟု အမေရိကန်က မြောက်ကိုရီးယားကို သတိပေးခဲ့သည်။
Source: BBC
Photo Credit: Reuter

  • VIA