News

POST TYPE

LATEST NEWS POST

နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန် ကျောင်းကုန်းမြို့တွင် ထီးတော်တင်

ပုသိမ်၊ ဖေဖော်ဝါရီ ၂၁

ဧရာဝတီတိုင်း ကျောင်းကုန်းမြို့ အမှတ် (၂) ရပ်ကွက်တွင် ဖေဖော်ဝါရီလ ၂၁ ရက် နံနက်ပိုင်းက မျက်ရှင်တော်ပြည်လုံးချမ်းသာဘုရားကြီး ထီးတော်တင်လှူပွဲသို့ နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန်နှင့် မိသားစုဝင်များ တက်ရောက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“သူတို့ (သမ္မတဟောင်း ဦးသိန်းစိန်မိသားစု) လာတာပေါ့နော်၊ ကျောင်းကုန်းက စေတီထီးတင်ပွဲကို လာတာပါ၊ တခြား အလှူရှင်မိသားစုတွေလည်း ပါပါတယ်”ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီမှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောမူက ပြောကြားသည်။

အဆိုပါနေ့ နံနက် ၇ နာရီက မျက်ရှင်တော်ပြည်လုံးချမ်းသာဘုရားကြီး ထီးတော်တင်လှူပွဲကို ကျင်းပခဲ့ပြီး ပင်မစေတီတော်ကြီးနှင့် အရံစေတီတော် ၂၄ ဆူတို့ကို ထီးတော်များ တင်လှူခဲ့ကြောင်း၊ စေတီတော်မုတ်ဦးအလှူရှင် သမ္မတဟောင်း ဦးသိန်းစိန် မိသားစု၊ စေတီတော် မတည် အလှူရှင် မိသားစုများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ပါတီဝင်များ၊ ဒေသခံပြည်သူများ စုစုပေါင်း ၂၀၀၀ ခန့် တက်ရောက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

R-11