News

POST TYPE

LATEST NEWS POST

သားအရင်းက မိခင်ကိုသတ်၍ အလောင်းမီးရှို့ဖျောက်ဖျက်
14-Feb-2018

ကျိုင်းတုံ၊ ဖေဖော်ဝါရီ ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ် မြို့နယ် မိုင်းခုတ်မြို့ နာဘော်ခိုင် ကျေးရွာအနီးရှိ တောင်ယာတဲတွင် ဖေဖော်ဝါရီလ ၁၂ ရက် ညနေ၄ နာရီခန့်က သားအရင်းဖြစ်သူက မိခင်ကိုသတ်ကာ အလောင်း မီးရှို့ဖျောက်ဖျက်မှု ဖြစ်ပွားခဲ့ကြောင်း မိုင်း ခုတ်နယ်မြေရဲစခန်းထံမှ သိရသည်။

အသက် ၅၆ နှစ်အရွယ် မိခင်ဒေါ်နာထောကို အသက် ၂၂ နှစ်အရွယ် သားဖြစ်သူ ယားဖူက ပေါက်ပြားဖြင့် ခုတ်ခဲ့ရာ ဦးခေါင်းနောက်စေ့ ပွင့်ထွက်ဒဏ်ရာနှင့် ယာချိုင်းအောက်၊ ယာတံတောင်ဆစ်၊ ယာခြေထောက်တို့တွင် ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း၊ အလောင်းကို တောင်ယာတဲအတွင်း မီးရှို့ဖျောက်ဖျက်ခဲ့ခြင်းဖြစ်ကြာင်း ကျိုင်းတုံမြို့ ပြည်နယ် ဒုတိယ ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
 
“တောင်ယာအတူ သွားရင်းကနေ ဟင်းချက်ခိုင်းတဲ့ကိစ္စနဲ့ပတ်သက်ပြီး စကားများရင်းက အမေကိုပေါက်ပြားနဲ့ ခုတ်သတ်တာလို့ သိရတယ်။ သူ့အမေ အလောင်းကိုတော့ တဲထဲမှာမီးရှို့ခဲ့လို့ တဲတစ်လုံး မီးလောင်ပြာကျသွားတယ်”ဟု ၎င်းကဆိုသည်။ 

မိခင်ရင်းကိုသတ်ကာ အလောင်းမီးရှို့ ဖျောက်ဖျက်သည့်ယားဖူကို ဖေဖော်ဝါရီလ ၁၃ ရက် မွန်းလွဲပိုင်းကဖမ်းမိခဲ့ပြီး ရာဇသတ်ကြီး ပုဒ်မ ၃၀၂/ ၄၃၆/ ၂၀၁ ဖြင့် အရေးယူထားကြောင်း မိုင်းခုတ်နယ်မြေ ရဲစခန်းထံမှ သိရသည်။ 

R-16