News

POST TYPE

LATEST NEWS POST

ချစ်သူများနေ့ မြစ်ကြီးနားမြို့တွင်း လုံခြုံရေးတိုးမြှင့်

မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၁၃

ချစ်သူများနေ့အဖြစ် သတ်မှတ်ထားသည့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် မြစ်ကြီးနားမြို့တွင်း လုံခြုံရေးတိုးမြှင့်၍ မှုခင်းဖြစ်ပွားမှု ကျဆင်းရေးကို ဆောင်ရွက်မည်ဖြစ်ကြောင်း မြစ်ကြီးနားမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

မြစ်ကြီးနားမြို့နယ်အတွင်း ချစ်သူများနေ့၌ မူးယစ်ရမ်းကားခြင်း၊ လိင်စိတ်ကြွဆေးများ သုံးစွဲခြင်းနှင့် မှုခင်းဖြစ်ပွားမှု မရှိစေရန် ပုံမှန်ဆောင်ရွက်နေသည့် ပုံစံထက် လုံခြုံရေး တိုးမြှင့်ပြီး လှည့်ကင်း၊ ဝှက်ကင်းနှင့် ရပ်တန့်စစ်ဆေးခြင်းများကို ဆောင်ရွက်မည်ဖြစ်ကြောင်း မြစ်ကြီးနား မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဦးက ပြောကြားသည်။

“ချစ်သူများနေ့မှာဆိုရင် ကျွန်တော်တို့အနေနဲ့ သာမန် လုံခြုံရေးထက်ကို တိုးမြှင့်ပြီးတော့ မလိုအပ်ဘဲနဲ့ မှုခင်းတွေမဖြစ်ဖို့ ဆောင်ရွက်သွားမယ်။ လိင်စိတ်ကြွဆေးတွေ သုံးစွဲခြင်း မရှိစေဖို့ ရပ်ကင်း၊ လှည့်ကင်း၊ ဝှက်ကင်းနဲ့ ရပ်တန့်စစ်ဆေးခြင်းကို လုပ်သွားမယ်”ဟု ရဲမှူးသန်းဦးက ပြောဆို သည်။

မြစ်ကြီးနားမြို့နယ်အတွင်း ချစ်သူများနေ့ကို အလွဲအသုံးပြု၍ မုဒိမ်းမှုနှင့် မူးယစ်သောက်စားရမ်းကားခြင်းတို့ကြောင့် မှုခင်းဖြစ်ပွားမှု မဖြစ်စေရန် ယင်းနေ့မတိုင်မီ ရက်ပိုင်းက သက်ဆိုင်ရာ စခန်းမှူးများ၊ နယ်ထိန်းများနှင့် မြို့နယ် ရဲတပ်ဖွဲ့မှူးကိုယ် တိုင်းဦးစီးကာ မှုခင်းကျဆင်းရေး အသိပညာပေးခဲ့ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ပြီးခဲ့သည့်နှစ် ချစ်သူများနေ့တွင် မြစ်ကြီးနား မြို့နယ်အတွင်း အမှုကြီးဖြစ်ပွားမှုမရှိခဲ့ဘဲ မူးယစ်ရမ်းကားမှုကြောင့် ခေါ်ယူဆုံးမသတိပေးသည့် အဆင့်သာရှိခဲ့ကြောင်း မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

R-06