News

POST TYPE

LATEST NEWS POST

ကော့သောင်းမြို့ ဘုရင့်​​နောင်​ကုန်းတွင် အများသုံး အိမ်​သာလိုအပ်
19-Jan-2018 tagged as

ကော့​သောင်း၊ ဇန်​နဝါရီ  ၁၉

ဘုရင့်​​နောင်​ကုန်းရုပ်​တုသို့ လာ​ရောက်​ပတ်​ကြသူများအတွက်​ အများသုံး အိမ်​သာ လိုအပ်​​​လျက်ရှိကြောင်း အနီးပတ်ဝန်းကျင်တွင် နေထိုင်သူများကပြောသည်။

ဘုရင့်နောင်ကုန်းသည် ကော့​သောင်းမြို့၊ ဘုရင့်​​နောင်​ရပ်​ကွက်​ရှိ အထင်​ကရ​ နေရာတစ်ခုဖြစ်​ပြီး ခရီးသွားဧည့်​သည်​များလာ​ရောက်​လည်​ပတ်​စဉ်​ အ​ပေါ့အပါး အညစ်​​ကြေးစွန့်​ရန်​​ နေရာမရှိ၊ အခက်​အခဲ ဖြစ်​ရ​သော​ကြောင့်​ အနီးအနားရှိ ဆိုင်​များသို့ မကြာခဏ လာ​ရောက်​​မေးမြန်းကြ​ကြောင်း ၎င်းတို့ကဆိုသည်။

"ခဏခဏ လာ​မေးကြတယ်​ ဆိုင်​မှာ၊ အိမ်​သာ ဘယ်​နားမှာလဲ၊ ရှိလားဆိုပြီး၊ မရှိဘူးလို့ပဲ​ ပြောလိုက်​ရတယ်​၊ လိုအပ်​တာ​တော့ အမှန်​ပဲ"ဟု ဘုရင့်​​နောင်​ကုန်း အနီးရှိ တူ​ဒေးစာ​ပေ ပိုင်ရှင် ဒေါ်တင်​မမကြီးက ​ပြောသည်​။

ဘုရင့်​​နောင်​ကုန်း​တွင်​ စည်​ပင်​သာယာအဖွဲ့က ဆောက်ထားသော ယာယီ အိမ်​သာတစ်​လုံးရှိ​သော်လည်း အများပြည်​သူ သုံးစွဲနိုင်​​ရန် အဆင်​မ​ပြေဟု ၎င်းတို့က ဆိုသည်။

"အိမ်​သာအသစ်​တစ်​လုံး တည်​​ဆောက်​​ဖို့ စီစဉ်​နေပါတယ်​၊ တွက်​ချက်မှု​တွေ ဆွဲပြီး တိုင်းစည်​ပင်​သာယာအဖွဲ့နဲ့ အစိုးရအဖွဲ့ကို​ တင်​ပြလို့ ဘတ်​ဂျက်​ကျရင်​​ ဆောက်​ဖြစ်​မယ်​"ဟု မြို့နယ်စည်​ပင်​သာယာအဖွဲ့၊ အင်​ဂျင်​နီယာမှူး ဦး​နေမျိုးက ​ပြောသည်​။

တည်ဆောက်ရန် လျာထား တွက်ချက်နေသည့် ၄ ခန်းတွဲ (၂၀×၁၂) ​ပေ အရွယ်အစားရှိ အိမ်​သာတွင်  ဘိုထိုင်​၊ လက်​​ဆေးခွက်​​ ဘေစင်​၊ ကြည့်​မှန်​၊ အမျိုးသားများ အ​ပေါ့စွန့်​ရန်​ခွက်​ စသည်တို့ကိုပါ ထည့်သွင်း တွက်ချက်ထားကြောင်း မြို့နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

Dawei Watch


  • TAGS