News

POST TYPE

LATEST NEWS POST

ဆရာမအား စာသင်ခန်းအတွင်း ဝင်ရောက်ရိုက်နှက်သည့် ခင်ပွန်းကို အရေးယူ


ကျိုင်းတုံ၊ဇန်နဝါရီ ၁၉

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ ဆန်ဆိုင်း အခြေခံပညာအထက်တန်းကျောင်းရှိ မူလတန်းပြ ဆရာမတစ်ဦးအား ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက် ၁၁ နာရီခွဲခန့်က စာသင်ခန်းအတွင်း ဝင်ရောက်ရိုက်နှက်ခဲ့သည့် ခင်ပွန်းဖြစ်သူကို အမှုဖွင့်အရေးယူထားကြောင်း တာချီလိတ်မြို့မရဲစခန်းထံမှ သိရသည်။

"ဆရာမစာသင်နေချိန်မှာ အခြားပညာရေးဝန်ထမ်းတစ်ဦးနဲ့ ဖောက်ပြန်တယ်လို့ လာစွပ်စွဲပြီး ဆဲဆိုတဲ့အပြင် ပါးတွေကိုရိုက်တယ်။ နောက်ပြီး စာသင်စားပွဲပေါ်က ပုလင်းနဲ့ ခေါင်းကို ထပ်ရိုက်တယ်။ ဒါ့ကြောင့် ဆရာမက သူ့ယောကျာ်းကို အမှုဖွင့်တိုင်ကြားတာပါ"ဟု ကျိုင်းတုံမြို့ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ယင်းဖြစ်စဉ်တွင် အသက် ၂၉ နှစ်အရွယ် မူလတန်းပြဆရာမ ဒေါ်ခင်ဘုန်းမင်းသည် ဦးခေါင်းဝဲဘက်ဂျိုဇောင်းနှင့် ငယ်ထိပ်တို့တွင် ဖူးရောင်ဒဏ်ရာများ ရရှိခဲ့၍ အသက် ၃၂ နှစ်အရွယ် ခင်ပွန်းဖြစ်သူ မောင်ဇော်ကို (ပ)၂၂/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၃၃/၃၅၄/၂၉၄ ဖြင့် အရေးယူထားကြောင်း တာချီလိတ်မြို့မရဲစခန်းထံမှ သိရသည်။

R-16