News

POST TYPE

LATEST NEWS POST

ဘင်္ဂလားဒေ့ရှ်မှ ဒုက္ခသည်များကို တစ်ရက် ၃၀၀ လက်ခံရန် သဘောတူ
17-Jan-2018

ရန်ကုန်၊ ဇန်နဝါရီ ၁၆

ဘင်္ဂလားဒေ့ရှ်မှ ဒုက္ခသည်များကို တစ်ရက်လျှင် ၃၀၀ လက်ခံရန် နှစ်ဖက်တာဝန်ရှိသူများကြား ကနဦးသဘောတူခဲ့ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကိုကိုနိုင်က ပြောကြားသည်။

“တစ်ရက်ကို တောင်ပြိုလက်ဝဲရော၊ ငါးခူရမှာပါ ၁၅၀ စီ စိစစ်ပြီးလက်ခံမယ်။ကနဦးအနေနဲ့ စမယ်၊ နောက်ပိုင်းမှာတော့ လူတိုးသွားမှာပေါ့။ NVC ကတ်တွေကို ထပ်ပြီးလုပ်ပေးပါမယ်လို့ သဘောတူညီမှုရခဲ့တယ်”ဟု ၎င်းက ဆိုသည်။

ဇန်နဝါရီလ ၁၄ ရက်က နေပြည်တော်နိုင်ငံခြားရေးဝန်ကြီးဌာနရုံးတွင် ဘင်္ဂလားဒေ့ရှ်မှ ဒုက္ခသည်များ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အတွက် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနအတွင်းဝန်၊ ညွှန်ကြားရေးမှူးအဆင့်ရှိသူ ၁၄ ဦးနှင့် မြန်မာအစိုးရဘက်က လူဝင်မှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်အပါအဝင် နိုင်ငံခြားရေးအမြဲတမ်းအတွင်းဝန်များ၊ ပြည်ထဲရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ ညှိနှိုင်းခဲ့ခြင်းဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည် ခြောက်သိန်းခွဲခန့်ရှိသည်ဟုဆိုသော်လည်း သေချာစိစစ်လက်ခံမည်ဖြစ်ကြောင်း၊ မြန်မာအစိုးရဘက်က ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိနေသည့် ဟိန္ဒူဘာသာဝင် ၅၀၀ ကို ကနဦးပို့ဆောင်ပေးရန် ကမ်းလှမ်းထားကြောင်း၊ ဇန်နဝါရီလ ၂၃ ရက်တွင် လက်ခံရေးလုပ်ငန်းစဉ်အတွက် သတင်းထုတ်ပြန်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ဒုက္ခသည်များ ပြန်လည်လက်ခံရန် ခုနစ်ရက်သာလိုသော်လည်း ပြန်လာမည့်လူစာရင်းကို ယနေ့ထိ မပို့သေးကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

J-18