News

POST TYPE

LATEST NEWS POST

မြောက်ဦးတွင် လူစုလူဝေးဖြစ်၊ အင်အားသုံး ဖြိုခွဲမှုကြောင့် တစ် ဦးသေ
16-Jan-2018

မြောက်ဦးတွင် လူစုလူဝေးဖြစ်၊ အင်အားသုံး ဖြိုခွဲမှုကြောင့် တစ် ဦးသေ 

စစ်တွေ ၊ ဇန်နဝါရီ ၁၆

ရခိုင် ပြည်နယ်  မြောက်ဦးမြို့တွင်   ယနေ့ ဇန်နဝါရီ ၁၆ ရက်  (ပြာသိုလကွယ်) ညက ကျင်းပသော   ရခိုင်ဘုရင် ပါတော်မူခြင်း (၂၃၃) နှစ်ပြည့် ဝမ်းနည်းဖွယ် အထိမ်းအမှတ်အဖြစ် ပွဲကို ဒေသအာဏာပိုင် အဖွဲ့အစည်းက ဟန့်တားရာမှ   ဆန္ဒပြပွဲဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့၏ ဖြိုခွဲမှုကြောင့်   အသက် ၂၅ နှစ်အရွယ် အမျိုးသား တစ်ဦး  သေဆုံးပြီး ၉ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း မြောက်ဦး မြို့ခံများထံမှ သိရသည်။

ဆန္ဒပြပွဲ ကို ပစ်ခတ်ဖြိုခွဲမှုနှင့်ပတ်သက်၍ မြောက်ဦး ရဲတပ်ဖွဲ့ထံ ယနေ့ည ၁၁ နာရီခန့်တွင်
ဆက်သွယ်ခဲ့သော်လည်း ခေါ်ဆို၍မရပေ။

R-22

  • VIA