News

POST TYPE

LATEST NEWS POST

ကြားဖြတ်ရွေးကောက်ပွဲအတွက် ကျပ်သန်းပေါင်း တစ်ထောင့်ခြောက်ရာကျော်သုံးမည်
နေပြည်တော်၊ ဇန်နဝါရီ ၁၆

ယခုနှစ်အတွင်းကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲအတွက် ကျပ်သန်းပေါင်း ၁၆၆၀ ဒသမ ၆၁၆ ကိုသုံးစွဲသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်အဖွဲ့ဝင် ဦးစိုးရယ်က ပြောကြားသည်။

၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာအထိ သုံးစွဲမည့် ၆ လတာ အသုံးစရိတ်ကို လွှတ်တော်သို့ တင်ပြတောင်းခံရာတွင် ၎င်းက ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ သာမန် အသုံးစရိတ် တောင်းခံငွေမှာ ကျပ်သန်းပေါင်း ၂၈၃၄ ဒသမ ဝ၅၆ ကို တောင်းခံထားခြင်းဖြစ်ပြီး စုစုပေါင်း တောင်းခံငွေ ကျပ်သန်းပေါင်း ၄၄၉၅ ဒသမ ၆၇၂ ဖြစ်သည်။

ကြားဖြတ်ရွေးကောက်ပွဲကို ကျင်းပရန် ယခုနှစ်အတွင်း ပြုလုပ်ရန် လျာထားပြီး ကျင်းပမည့်နေ့ရက်ကို တရားဝင် ကြေညာပေးမည်ဖြစ်ကြောင်း ကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်က မီဒီယာများကို ပြောကြားထားသည်။

လတ်တလောတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့မှ သပိတ်ကျင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)၊ မတူပီမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)၊ အုတ်တွင်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁)၊ ရသေ့တောင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂)၊ တမူးမြို့နယ် မဲဆန္ဒနယ် အမှတ် (၂)၊ မင်းဘူးမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တို့ လစ်လပ်လျက်ရှိပြီး ပြည်သူ့လွှတ်တော်မှ ကန်ပက်လက်မြို့နယ်နှင့် လဲချားမြို့နယ်တို့မှ ကိုယ်စားလှယ်များ လစ်လပ်လျက်ရှိသည်။