News

POST TYPE

LATEST NEWS POST

ကာကွယ်ရေး အသုံးစရိတ်တွင် စစ်ဆင်ရေး အသုံးစရိတ် ၂ ဒသမ ၁၀၇ ဘီလီယံ လျာထားတောင်းခံ
16-Jan-2018

နေပြည်တော်၊ ဇန်နဝါရီ ၁၆

ကာကွယ်ရေးဝန်ကြီးဌာနက ၆ လတာဘတ်ဂျတ်ကို ပြည်ထောင်စုလွှတ်တော်သို့တောင်းခံရာတွင် စစ်ဆင်ရေး အသုံးစရိတ်ကို ၂ ဒသမ ၁၀၇ ဘီလီယံ လျာထားတောင်းခံထားကြောင်း ကာကွယ်ရေးဒုဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ယနေ့ (ဇန်နဝါရီ ၁၆ ရက်) ကျင်းပနေသော လွှတ်တော်သို့ တင်ပြလိုက်သည်။

လျာထားတောင်းခံငွေမှ သာမန်အသုံးစရိတ်တွင် လစာစရိတ်အတွက် ၃၇၁ ဒသမ ၁၃၉ ဘီလီယံ၊ ပစ္စည်းများအတွက် ၁၇၁ ဒသမ ၁၇၄ ဘီလီယံ၊ ပို့ဆောင်ရေးအတွက် ၁၀ ဒသမ ၀၆၆ ဘီလီယံ၊ အင်ဂျင်နီယာအတွက် ၂၈ ဒသမ ၀၃၅ ဘီလီယံ၊ အထွေထွေအတွက် ၇၃ ဒသမ ၅၉၁ ဘီလီယံ၊ စစ်ဆင်ရေးအတွက် ၂ ဒသမ ၁၀၇ ဘီလီယံ စက်ရုံအလုပ်ရုံ ၆၃ ဒသမ ၀၈၄ ဘီလီယံနှင့် အတိုးနှုန်းအတွက် ၁ ဒသမ ၈၁၁ ဘီလီယံတို့ဖြစ်ပြီး စုစုပေါင်း ၇၂၃ ဒသမ ၁၀၇ ဘီလီယံ လျာထားတင်ပြလိုက်ခြင်းဖြစ်သည်။

ယင်းအပြင် ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ငွေလုံးငွေရင်း အသုံးစရိတ် ခေါင်းစဉ်အောက်တွင် စုစုပေါင်း ၆၁၂ ဒသမ ၀၈၇ ဘီလီယံ လျာထားတောင်းခံထားသည်။

S-01