News

POST TYPE

LATEST NEWS POST

ဒုက္ခသည်လက်ခံရန် တောင်ပြိုလက်ဝဲစခန်းသို့ အစိုးရဝန်ထမ်း ၆၈ ဦး ရောက်ရှိ
ရန်ကုန်၊ ဇန်နဝါရီ ၁၃

ဘင်္ဂလားဒေ့ရှ်မှပြန်လာမည့် ဒုက္ခ သည်များ လက်ခံရန် တောင်ပြိုလက်ဝဲ လက်ခံရေးစခန်းတွင် ဌာနဆိုင်ရာဝန်ထမ်း ၆၈ ဦးရောက်ရှိလာပြီဖြစ်သောကြောင့် လက်ခံရေးစတင်ရန် ပြင်ဆင်နေပြီဖြစ် ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဦးစီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်က ပြောကြားသည်။

“သက်ဆိုင်ရာဌာနတွေက ဝန်ထမ်း ၆၈ ယောက်တော့ ဒီနေ့ တောင်ပြိုလက်ဝဲ စခန်းရောက်ပြီ။ ဘင်္ဂလားဒေ့ရှ်ဘက်က လျှောက်လွှာတွေ မပို့သေးဘူး။ ကျွန်တော် တို့ဘက်က အဆင်သင့်ဖြစ်နေပြီ” ဟု ၎င်းက ဆိုသည်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ပြည်ထဲရေးဝန်ကြီးဌာန၊ ကျန်းမာရေးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာန၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာနများမှ ဝန်ထမ်း ၆၈ ဦးသည် တောင်ပြိုလက်ဝဲ လက်ခံရေး စခန်းသို့ ရောက်ရှိနေခြင်းဖြစ်သည်။

ဇန်နဝါရီလ ၂၂ ရက်တွင် ဘင်္ဂလား ဒေ့ရှ်မှ ပြန်လည်ရောက်ရှိလာမည့် ဒုက္ခ သည်များ လက်ခံရန် အဆင်သင့်ပြင်ဆင် ထားပြီးဖြစ်ကြောင်း၊ ငါးခူရစခန်းတွင် လည်း ဒုက္ခသည်များလက်ခံရေးလုပ်ငန်း စဉ်များဆောင်ရွက်ရန် ဝန်ထမ်းများ သွား ရောက်နေပြီဖြစ်ကြောင်း ဦးမြင့်ကြိုင်က ပြောကြားသည်။ 

J-18