News

POST TYPE

LATEST NEWS POST

မွန်တွင် ရပ်/ကျေး အုပ်ချုပ်ရေးမှူး ၁၅၃ ဦးရွေးပြီး၊ အမျိုးသမီး ၂ ဦးပါ
12-Jan-2018 tagged as မော်လမြိုင်

မော်လမြိုင်၊ ဇန်နဝါရီ ၁၂

မွန်ပြည်နယ်တွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူး ၁၅၃ ဦး ပြန်လည် ရွေးချယ်ထားပြီးဖြစ်ကာ အမျိုးသမီး ရပ်/ကျေး အုပ်ချုပ်ရေးမှူး ၂ ဦး ပါဝင်သည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

ပြည်နယ်အတွင်း၌ ရပ်/ကျေး အုပ်ချုပ်ရေးမှူး ၄၃၉ ဦးကို တတိယအကြိမ်ပြင်ဆင်ထားသည့် ရပ်/ကျေး အုပ်ချုပ်ရေး ဥပဒေနှင့် အညီ ပြန်လည်ရွေးချယ်လျက်ရှိရာ ဒီဇင်ဘာ ၃၁ ရက်ထိ ၁၅၃ ဦး ရွေးချယ်ထားပြီး ဖြစ်သည်။

ရွှေးချယ်ခံရသည့် အမျိုးသမီး ရပ်/ကျေး အုပ်ချူပ်ရေးမှူး ၂ ဦးမှာ ကျိုက်မရောမြို့နယ်နှင့် မုဒုံမြို့နယ်မှ ဖြစ်ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောသည်။

ရပ်/ကျေးအုပ်ချုပ်ရေးမှူး ပြန်လည်ရွေးချယ်ခြင်းနှင့် ပတ်သက်ပြီး တိုင်ကြားမှုအချို့ ရှိသည်ဟု ဦးမြင့်သန်းဝင်းက ပြောသည်။

မွန်ပြည်နယ်တွင် ရပ်/ကျေး အုပ်ချုပ်ရေးမှူး ပြန်လည် ရွေးချယ်ခြင်းကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလဆန်းပိုင်းက စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အပြီး ရွေးချယ်ရမည်ဖြစ်သည်။

မွန်ပြည်နယ်အတွင်းတွင် ရပ်/ကွက် ကျေးရွာအုပ်ချုပ်ရေးမှူး ၄၇၀ ရှိသော်လည်း လက်ရှိ သမ္မတသက်တမ်းတွင် ဥပဒေနှင့်အညီ ရွေးချယ်ထားသည့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများရှိသည့်အတွက် ရပ်/ကျေး အုပ်ချုပ်ရေးမှူး ၄၃၉ ဦးကိုသာ ပြန်လည် ရွေးချယ်လျက် ရှိသည်။

Dawei Watch