News

POST TYPE

LATEST NEWS POST

လှိုင်သာယာနှင့် ရွှေပြည်သာမှ ခိုး၊ ဆိုး၊ လု၊ နှိုက်မှု ကျူးလွန်တတ်သူ အယောက် တစ်ရာကျော်ကို အရေးယူ
17-Dec-2017 tagged as ရန်ကုန်

ရန်ကုန်၊ ဒီဇင်ဘာ ၁၆

ဒုစရိုက်မှုများ မကြာခဏ ဖြစ်ပွားနေသည့် ရန်ကုန်မြောက်ပိုင်းခရိုင်အတွင်းရှိ လှိုင်သာယာနှင့် ရွှေပြည်သာမြို့နယ်တို့မှ ခိုး၊ ဆိုး၊ လု၊ နှိုက် အမှုများ ကျူးလွန်တတ်သူ အယောက်တစ်ရာကျော်ကို ယခုလအတွင်း ဖမ်းဆီး အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

လူဦးရေသိပ်သည်းပြီး အခြားဒေသများမှ ဝင်ထွက်သွားလာနေသူများ များပြားလှသည့် လှိုင်သာယာနှင့် ရွှေပြည်သာမြို့နယ်တို့တွင် စရိုက်ဆန်သည့် လူဆိုးလူမိုက်များနှင့် ခိုး၊ ဆိုး၊ လု၊ ယက် အမှု ကျူးလွန်တတ်သူများ ကျက်စားနေသဖြင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ နိုဝင်ဘာလ ၂၇ ရက်နေ့မှစတင်ကာ ယင်းမြို့နယ်များတွင် ပိတ်ဆို့ဖမ်းဆီး အရေးယူမှုများကို စီမံချက်ဖြင့် ဆောင်ရွက်ခဲ့သည်။ 

“ဒုစရိုက်သမားတွေနဲ့ ဆိုးသွမ်း ရမ်းကားနေသူတွေကြောင့် လှိုင်သာယာနဲ့ ရွှေပြည်သာမြို့နယ်ထဲမှာ နေထိုင်တဲ့သူတွေက စိုးရွံ့ကြောက်လန့်မှုတွေ ခံစားနေရတယ်လို့ သတင်းပေး တိုင်ကြားလာတာကြောင့် လူဆိုးလူမိုက် ရှင်းလင်းရေး စီမံချက်ကို ဆောင်ရွက်ပေးခဲ့တာပါ”ဟု ရဲအရာရှိက ပြောသည်။

အဆိုပါ စီမံချက်ဖြင့် ဖမ်းဆီးမှုကြောင့် ဒီဇင်ဘာလ ၁၅ ရက်နေ့အထိ ယင်းမြို့နယ်နှစ်ခုတွင် ခြေချုပ်နှင့် ခံဝန် အက်ဥပဒေအရ အရေးယူထားမှု ၄၄ မှု၊ ရဲအက်ဥပဒေဖြင့် ၆၀ မှု၊ ပြည့်တန်ဆာ အက်ဥပဒေအမှု ၄ မှု၊ လက်နက်များ အက်ဥပဒေအမှု ၂၀ မှု၊ လောင်းကစားမှု ၆ မှု၊ မူးယစ်မှု ၄ မှု၊ ယစ်မျိုးဥပဒေအမှု ၁၀ မှု၊ ရာဇဝတ် ကျင့်ထုံးပုဒ်မ ၅၄ အရ အမှု ၅၀ နှင့် တရားခံပြေး ၁၄ ဦးတို့ကို ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03