News

POST TYPE

LATEST NEWS POST

ငါးဖမ်းပိုက်များ ဖြုတ်ယူသည့် အမျိုးသားတစ်ဦး ကိုင်းခုတ်ဓားဖြင့် ခုတ်ခံရ
08-Dec-2017

ရန်ကုန်၊ ဒီဇင်ဘာ ၇

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ ရင်းတိုက်ကွင်းကျေးရွာတွင် ဒီဇင်ဘာလ ၆ ရက် နံနက် ၉ နာရီခွဲက ချောင်းအတွင်း ခိုးချထားသည့် ငါးဖမ်းပိုက်များကို ဖြုတ်ယူသိမ်းဆည်းခဲ့သည့် အမျိုးသားတစ်ဦးမှာ ကိုင်းခုတ်ဓားဖြင့် ခုတ်ခံရကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဓားဖြင့်ခုတ်ခံရသူ အသက် ၄၆ နှစ် ဦးအောင်ကျော်စိုးမှာ ယင်းနေ့ နံနက်က အင်းလုပ်သားများနှင့်အတူ ရင်းတိုက်ကွင်း ကျေးရွာရှိ ချောင်းထဲ ငါးများ ဖမ်းနေစဉ် ခိုးချထားသော ငါးဖမ်းပိုက်များကို တွေ့ရှိခဲ့သောကြောင့် ၎င်းက ဖြုတ်ယူသိမ်းဆည်းခဲ့သည်။

ယင်းသို့ ပိုက်များ ဖြုတ်ယူထားသူကို မကျေနပ်သည့် ပိုက်ပိုင်ရှင်ဖြစ်သူ ကျော်ဇင်ထွန်း (စုံစမ်းဆဲ)မှ ကိုင်းခုတ်ဓားဖြင့် ရောက်ရှိလာပြီး ဦးအောင်ကျော်စိုးကို ခုတ်ခဲ့သောကြောင့် ချိုစောင်း၊ လည်ပင်းနှင့် မေးစေ့တို့တွင် ပြတ်ရှဒဏ်ရာများ ရခဲ့ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ အတွင်းလူနာ (စိုးရိမ်ရ)အဖြစ် တင်ပို့ခဲ့ရကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ကိုင်းခုတ်ဓားဖြင့် ခုတ်သူဆိုသူ ကျော်ဇင်ထွန်းမှာ ယခင်က ကျေးရွာအနီးရှိ အင်းများတွင်လည်း ယင်းကဲ့သို့ ပိုက်များ ခိုးချကာ ငါးများ ဖမ်းယူခဲ့ကြောင်း စုံစမ်း ပေါ်ပေါက်ခဲ့ပြီး အပြင်းအထန် နာကျင်ဒဏ်ရာများ ရရှိအောင် ပြုလုပ်ခဲ့သည့် ၎င်းကို တိုက်ကြီးမြို့မ ရဲစခန်းမှ ရာဇသတ်ကြီး ပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်၍ ဖမ်းဆီး အရေးယူနိုင်ရန် စုံစမ်းဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03

  • VIA