News

POST TYPE

LATEST NEWS POST

ယင်းမာပင်မြို့ နယ်တွင် တပ်သိမ်းမြေ ပြန်ရရေး တောင်သူများ ဆန္ဒထုတ်ဖော်
29-Nov-2017 tagged as မုံရွာ

မုံရွာ၊ နိုဝင်ဘာ၂၉

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင် မြို့နယ် အောင်မိုးကျေးရွာမှ တောင်သူ ၁၀ဝ ခန့်က နိုဝင်ဘာလ ၂၉ရက် မွန်းလွဲပိုင်း တွင် တပ်သိမ်းမြေများပြန်ရရေး ဆန္ဒထုတ် ဖော်ခဲ့သည်။ 

အဆိုပါ ကျေးရွာမှ တောင်သူ ၁၂ဦး ပိုင်သော မြေဧက ၅၀ကျော်မှာ ၂၀ဝ၃ ခုနှစ် က အနောက်မြောက်တိုင်း စစ်ဌာနချုပ်က တမာစိုက်ခင်း စိုက်ရန်အတွက် သိမ်းယူခဲ့ ရာ လျော်ကြေးငွေ မရရှိခဲ့သဖြင့် ဆန္ဒ ထုတ်ဖော်ရခြင်း ဖြစ်ကြောင်း ဦးဆောင် သူ အောင်မိုးကျေးရွာမှ ဒေါ်သန်းသန်းဦး က ပြောသည်။

“သိမ်းစဉ်အခါတုန်းက တမာစိုက်ခင်းစိုက်ဖို့ဆိုပြီး ယာမြေသိမ်းတဲ့အပြင် တစ်အိမ်ကို တမာပင်သုံးပင် ရှင်အောင် စိုက်ရမယ်ဆိုပြီး ခိုင်းလို့နေပူကြီးထဲ ရေလောင်ပြီး စိုက်ခဲ့တာ။ အခုတော့ အဲ့ဒီနေရာတွေက မြေကွက်တွေဖြစ်နေပြီ၊ တစ်ကွက်ကို သိန်းခုနစ်ရာလောက် တန်နေပါပြီ၊ တောင်သူတွေကတော့ ဘာမှ လျော်ကြေးမရပါဘူး”ဟု ဆန္ဒပြ ဦးဆောင်သူက ပြောသည်။ 

လယ်ယာမြေအသိမ်းခံရမှုနှင့် ပတ်သက်၍ ယင်းမာပင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းထံ မေးမြန်းတွင် ယင်းနေရာသည် ၂၀ဝ၄ ခုနှစ်က တပ်မတော် စစ်မှုထမ်းဟောင်း EU -1 နိုင်ငံတော်အတွက် ကိုယ်လက် အင်္ဂါစွန့်သူ တပ်မတော်သားများအတွက် အိမ်ရာ ဆောက်ပေးသော နေရာများဖြစ်ကြောင်း၊ မိမိတာဝန်ယူစဉ်ကာလတွင် တောင်သူများက မြေယာ ဆုံးရှုံးမှုအတွက် တိုင်တန်းခြင်း မရှိခဲ့ကြောင်း၊ ဦးပိုင်အမှတ်၊ ကွင်းအမှတ်ဖြင့် တိုင်ကြားလာလျှင် လယ်ယာမြေ ပြန်လည် စစ်ဆေးရေး ကော်မတီ ကျေးရွာအဆင့်မှ မြို့နယ်ခရိုင်သို့ အဆင့်ဆင့် စိစစ် လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း ၎င်းကပြောသည်။