News

POST TYPE

LATEST NEWS POST

ရန်ကုန်မြို့တော် အပါအဝင် ရခိုင်နှင့် ရှမ်းပြည်နယ်တို့တွင် ငြိမ်းချမ်းရေးဂီတပွဲတော်များ ပြုလုပ်မည်
ရန်ကုန်၊ နိုဝင်ဘာ ၂၃

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပြည်သူများ တက်ကြွစွာ ပူးပေါင်းပါဝင်ရေးနှင့် မြန်မာနိုင်ငံ ခရစ်ယာန် မျက်မမြင် မိတ်သဟာဟတွင် ပညာသင်ကြားနေသော အမြင်အာရုံချို့တဲ့သူများ ပညာရေး ရန်ပုံငွေအတွက် ငြိမ်းချမ်းရေး တေးဂီတ ပွဲတော်များကို လူထူလှုပ်ရှားမှုအသွင်ဖြင့် ရန်ကုန်မြို့တော် အပါအဝင် ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ပြလုပ်သွားမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေးတွဲလက်များအဖွဲ့မှ ဦးခင်မောင်မြင့်က ပြောကြား သည်။

မြန်မာနိုင်ငံ ခရစ်ယာန် မျက်မမြင် မိတ်သဟာဟနှင့် ငြိမ်းချမ်းရေးတွဲလက်များအဖွဲ့နှင့် ပူးပေါင်းပြုလုပ်သည့် ငြိမ်းချမ်းရေး တေးဂီတပွဲတော်များကို ရန်ကုန်မြို့တော်တွင်   ဆန္ဒထုတ်ဖော်ခွင့် ကန့်သတ်ထားသည့် မြို့တွင်း ၁၁ မြို့နယ်မှလွဲ၍ ကျန်မြို့နယ်များ အားလုံးတွင် ကျင်းပသွားမည်ဖြစ်ကြောင်း ဦးခင်မောင်မြင့်က ပြောကြားသည်။

ရန်ကုန်မြို့တော်တွင် ပထမဆုံး ပြုလုပ်သည့် ငြိမ်းချမ်းရေး ဂီတပွဲတော်ကို အင်းစိန်ဘောလုံးကွင်းတွင် နိုဝင်ဘာလ ၂၄ ရက်နှင့် ၂၅ ရက်ညများ၌ Hero & The Peace အမည်ဖြင့်  ပြုလုပ်မည်ဖြစ်ရာ ဂျေညီညီ၊ ဖြူဖြူကျော်သိန်း၊ နီနီခင်ဇော်၊ ကော်နီ၊ စည်သူလွင်၊ စော်ဖိုးခွား၊ ဟန်ထူးလွင်၊ ခင်ဖုန်း၊ ရေဗက္ကာဝင်း၊ အောင်ထက်၊ မို့မို့လွင်၊ စော်လားထော်ဝါးနှင့် နာမည်ကျော်တေးသံရှင်များက Reality နှင့် Idiots Band ပင်တိုင်အဆိုတော်များနှင့် ဖျော်ဖြေမည်ဖြစ်ကြောင်း ပွဲစီစဉ်သူများထံမှ သိရသည်။