News

POST TYPE

LATEST NEWS POST

တရားမဝင် ဘီယာကုန်သွယ်မှုကြောင့် အစိုးရဘဏ္ဍာငွေ ကန်ဒေါ်လာ ၅၂ သန်း ဆုံးရှုံးဟု စစ်တမ်းဆို
23-Nov-2017 tagged as တရားမဝင် ဘီယာ


ရန်ကုန်၊ နိုဝင်ဘာ ၂၂

မြန်မာနိုင်ငံအတွင်း တရားမဝင် တင်သွင်းရောင်းချသော ဘီယာကုန်သွယ်မှုကြောင့် ၂၀၁၆ ခုနှစ်အတွင်း အစိုးရဘဏ္ဍာငွေ အမေရိကန် ဒေါ်လာ ၄၈ သန်း မှ ၅၂ သန်းအထိ ဆုံးရှုံးကြောင်း လန်ဒန် အခြေစိုက် နိုင်ငံတကာ သုတေသနအဖွဲ့ Euromonitor International က စစ်တမ်းထုတ်ပြန်သည်။

မြန်မာနိုင်ငံသည် ပြည်ပမှ ဘီယာတင်သွင်းခွင့်ကို ကန့်သတ်ထားသည့်အတွက် ပြည်တွင်း၌ ရောင်းချနေသော ဘီယာများ၏ ၃၀ ရာခိုင်နှုန်းမှာ မှောင်ခိုဈေးကွက်မှ ဝင်ရောက် ရောင်းချနေခြင်းဖြစ်ပြီး ၂၀၁၆ ခုနှစ်အတွင်း ဘီယာ ဟက်တိုလီတာပေါင်း တစ်သန်းကျော်အထိ ရောင်းချကြောင်း၊ တရားမဝင် ဘီယာ အမျိုးအစား ၉၅ ရာခိုင်နှုန်းခန့်မှာ ထိုင်းနိုင်ငံထုတ် နာမည်ကြီး ဘီယာ အမှတ်တံဆိပ်များဖြစ်ကြောင်း ယင်းစစ်တမ်းအရ သိရသည်။

တရားမဝင် ဘီယာကုန်သွယ်မှုသည် ဘီယာ ထုတ်လုပ်သူများအတွက် သာမက စားသုံးသူ လုံခြုံရေး၊ အစိုးရအခွန်ငွေ၊ စီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးရေးတို့ကိုပါ ထိခိုက်နေကြောင်း အခွန်ငွေ ပေးဆောင်မှု မရှိသည့် မှောင်ခိုဘီယာများသည် နိုင်ငံတွင်းရှိ ဘီယာများထက် သုံးဆ ဈေးနည်းပြီး အခြားတစ်ဖက်တွင် နိုင်ငံတွင်း ဘီယာ ထုတ်လုပ်သူများက အထူးကုန်စည်ခွန်အတွက် ကျပ်ဘီလီယံ ၁၅၀ ကျော်ကို ၂၀၁၆ ခုနှစ်တွင် ပေးဆောင်ထားခဲ့ကြောင်း မြန်မာနိုင်ငံ ဘီယာချက်လုပ်သူများအသင်းမှ တာဝန်ရှိသူတစ်ဦး၏မှတ်ချက်ကို Euromonitor International အစီရင်ခံစာတွင် ဖော်ပြထားသည်။

မှောင်ခိုဘီယာ ၇၅ ရာခိုင်နှုန်းသည် သံဘူးအသွင်ဖြင့် ဖြစ်နေသည်မှာ သယ်ဆောင်ရ လွယ်ကူခြင်းကြောင့်ဖြစ်ပြီး မှောင်ခိုဘီယာ ၈၀ ရာခိုင်နှုန်းသည် ထိုင်းနယ်စပ်မှ ဝင်ရောက်ကာ ၂၀ ရာခိုင်နှုန်းမှာ တရုတ်နယ်စပ်မှ ဝင်ရောက်ခြင်းဖြစ်ကြောင်း၊ နယ်စပ်ဒေသများတွင် မှောင်ခို ဘီယာ ရောင်းဝယ်မှု အချိုးအစားမှာ အမြင့်ဆုံးဖြစ်ကြောင်း ယင်းအစီရင်ခံစာက ဆိုသည်။

S-04