News

POST TYPE

LATEST NEWS POST

တရုတ်ယွမ်ငွေ ၃၃ သန်းကျော်ဖြင့် ကျေးရွာအဆင့် ဆင်းရဲမှုလျှော့ချရေး စီမံကိန်း ဆောင်ရွက်မည်
ရန်ကုန်၊ နိုဝင်ဘာ ၂၁

တရုတ်နိုင်ငံမှ ထောက်ပံ့ငွေ ယွမ် ၃၃ ဒသမ ၃၃သန်း (အမေရိကန်ဒေါ်လာ ငါးသန်းကျော်) ဖြင့် နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ ကျေးရွာနှစ်ခုတွင် ကျေးရွာအဆင့် ဆင်းရဲမှု လျှော့ချရေး စံပြစီမံကိန်း ဆောင်ရွက်မည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနထံမှ သိရသည်။ 

အဆိုပါ စီမံကိန်းကို နေပြည်တော် ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်ရှိ မင်းပြင်ရွာနှင့် တပ်ကုန်းမြို့နယ်ရှိ အေးချမ်းသာစံပြကျေးရွာတို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် တရုတ်နိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ဆင်းရဲမှုလျှော့ချရေး ဗဟိုဌာနနှင့် ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ပြီး နိုဝင်ဘာလ ၁၉ ရက်နေ့က နှစ်နိုင်ငံ သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။

“ဒီစီမံကိန်းကို တရုတ်နိုင်ငံရဲ့ ထောက်ပံ့ငွေနဲ့ လုပ်မှာပါ။ အဓိကက ကျေးလက်လူမှု အခြေခံ အဆောက်အဦတွေဖြစ်တဲ့ လမ်း၊ ရေရရှိရေးနဲ့ သင်တန်းခန်းမတွေ ဆောက်ပေးမယ်။ ဌာနကနေ သွားပြီး ဒါ လုပ်ပေးပါလို့ မပြောဘဲနဲ့ ရွာနဲ့ပေါင်းပြီးတော့ ပြည်သူဗဟိုပြုတဲ့နည်းနဲ့ ဆောင်ရွက်မှာပါ”ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက်ထောက် အတွင်းဝန် ဒေါက်တာ ထွန်းလွင်က ပြောကြားသည်။  

စီမံကိန်းကာလမှာ ၂၀၁၇ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ သုံးနှစ် ကာလစီမံကိန်းဖြစ်ပြီး ဆောင်ရွက်မည့် ကျေးရွာများတွင် လမ်း၊ ရေ၊ လျှပ်စစ်မီး၊ ကျန်းမာရေး အဆောက်အအုံ၊ ဒေသနှင့်ကိုက်ညီသည့် စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ ပညာ ပေးလုပ်ငန်းများ၊ သင်တန်းခန်းမများကို အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကာ အဆိုပါ စီမံကိန်းများ ဆောင်ရွက်ပေးရန်အတွက် ကန်ထရိုက်အဖွဲ့အစည်းများကိုလည်း ရွေးချယ်ထားပြီးဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

J-11