News

POST TYPE

LATEST NEWS POST

ရေစီးနှင့်မျောပါပြီး တောင်အောက်ပြုတ်ကျသူကို ရှာမတွေ့သေး
19-Nov-2017 tagged as ကလေးမြို့

ကလေး၊ နိုဝင်ဘာ ၁၉

ချင်းပြည်နယ် မတူပီမြို့မှ ၁၂ မိုင်ခန့်အကွာရှိ ဘုံတလာရေတံခွန်သို့ ရေချိုးသွားသည့် လူငယ်တစ်ဦး နိုဝင်ဘာ ၁၈ ရက် မွန်းလွဲပိုင်းက ရေစီးနှင့်မျောပါကာ တောင်အောက်သို့ ပြုတ်ကျပျောက်ဆုံးနေသဖြင့် မတူပီမြို့နယ် ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ လူငယ်များ စုပေါင်း ရှာဖွေနေရာ ယနေ့(နိုဝင်ဘာ ၁၉ ရက်) မွန်းလွဲ ၁ နာရီခွဲခန့်အထိ မတွေ့ရှိသေးကြောင်း ရှာဖွေသူများက ပြောကြားသည်။

မတူပီမြို့ ငလားရပ်ကွက်နေ မောင်ဟိန်းတွီတန်(၁၇ နှစ်)သည် သူငယ်ချင်း သုံးဦးနှင့်အတူ ဘုံတလာ ရေတံခွန်သို့ ရေချိုးသွားစဉ် ရေစီးဖြင့် မျောပါသွားသည့် ဘောကွင်းကို လိုက်လံဆယ်ယူရာ ရေညှိကြောင့် ချောနေသည့်ကျောက်ကို နင်းမိပြီး ရေထဲ ပြုတ်ကျခဲ့သည်။ ထို့နောက် ရေစီးဖြင့် မျောပါကာ အမြင့်ပေ ၁၅၀ ခန့်ရှိ တောင်အောက်သို့ ပြုတ်ကျ ပျောက်ဆုံးနေခြင်းဖြစ်သည်။

ဘုံတလာရေတံခွန်သည် ရေစီးသန်သည့် ရေတံခွန်ဖြစ်ကြောင်း ရှာဖွေရာတွင်ပါဝင်သည့် မတူပီမြို့ပေါ်မှ Sa Long က ပြောကြားသည်။ ယင်းရေတံခွန်သည် မတူပီမြို့မှ ၁၂ မိုင်ခန့်အကွာတွင်ရှိပြီး ထီစောင်းကျေးရွာနှင့် အနီးစပ်ဆုံး တည်ရှိသည့် ရေတံခွန်ဖြစ်သည်။ မတူပီမြို့နှင့် ထီစောင်းရွာသည် ၉ မိုင်ဝေးပြီး ထီစောင်းရွာနှင့် ဘုံတလာရေတံခွန်သည် ၃ မိုင်ခန့်ဝေးသည်။

R-20