News

POST TYPE

LATEST NEWS POST

ချင်းချောင်းကဇာတ်ရုံတွင် “စိတ်၏အပိုင်းအစများ”ရုပ်သေးပြ ဇာတ်ဖျော်ဖြေမည်
19-Nov-2017


ရန်ကုန်၊ နိုဝင်ဘာ ၁၈

ဂျာမန်ရုပ်သေးရုပ်ပညာရှင် ပြသမည့် “စိတ်ရဲ့အပိုင်းအစများ”ခေါင်းစဉ်ဖြင့် ရုပ်သေးပြဇာတ်ကို နိုဝင်ဘာလ ၁၇ ရက်မှ ၁၉ ရက်အထိ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ချင်းချောင်း ကဇာတ်ရုံတွင် ပြသမည်ဖြစ်ကြောင်း Goethe-Institut Myanmar ထံမှ သိရသည်။

ပြဇာတ်တွင် လေထီး၊ ဘောလုံး အစရှိတဲ့ အရာဝတ္ထုတွေဟာ လူ့ဆင်ခြင်တုံတရား၊ အာဏာရှိခြင်း၊ အာဏာမဲ့ခြင်း၊ တပ်မက်ခြင်း၊ အချစ်နဲ့ ပိုင်ဆိုင်လိုခြင်း စသည့် ခံစားချက်တွေကို ထင်ဟပ်ပြနိုင်သော ကြေးမုံပြင်တစ်ခုကဲ့လို ပသာဒဖြစ်အောင် ဖန်တီးထားသော စိတ်ပိုင်းဆိုင်ရာ ပြဇာတ်ဖြစ်သည်။

“ပြဇာတ်ရဲ့ လှုပ်ရှားမှုတွေနဲ့ ဒရာမာတွေကို စကားလုံးတွေနဲ့ မဟုတ်ဘဲ၊ အမြင်အာရုံနဲ့ ပြောပြချင်တဲ့ ပုံစံမျိုး တင်ဆက်ထားတယ်”ဟု Goethe-Institut Myanmar မှ တာဝန်ရှိတစ်ဦးက ဆိုသည်။

ဦးဆောင်တင်ဆက်သူ ဂျာမန်ရုပ် သေးပညာရှင် Ms Anne Klatt သည် Tübingen မြို့တွင် သူမရဲ့ ကိုယ်ပိုင်ရုပ် သေးကဇာတ်ရုံကို စီမံခန့်ခွဲနေပြီး Stuttgart မြို့ ဂီတနှင့် ဖျော်ဖြေရေး အနုပညာတက္ကသိုလ် ကထိကတစ်ဦးလည်းဖြစ်ကာ ဥရောပ၊ တောင်အမေရိက၊ အာဖရိကနှင့် အာရှတစ်လွှားသို့ လှည့်လည်ကာ ရုပ်သေးပြဇာတ်ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲများ ပြုလုပ်ခဲ့သည်။

J-06

  • VIA