News

POST TYPE

LATEST NEWS POST

မိတ္ထီလာတက္ကသိုလ် အဝေးသင်ဥပဒေ ကျောင်းသားများအတွက် သရုပ်ပြတရားခွင်ပြုလုပ်
20-Oct-2017 tagged as မိတ္ထီလာ

မိတ္ထီလာ၊ အောက်တိုဘာ ၁၉

မိတ္ထီလာတက္ကသိုလ်တွင် ပညာသင်ယူနေသော ဥပဒေဘာသာ အထူးပြု (အဝေးသင်) ကျောင်းသားများအတွက် သရုပ်ပြတရားခွင်ကို ယင်းတက္ကသိုလ်၏  မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပရာ ခန်းမ၌ အောက်တိုဘာလ ၁၉ ရက်နေ့  မွန်းလွဲပိုင်းက ပြလုပ်ခဲ့ကြောင်း အဆိုပါ သရုပ်ပြတရားခွင်ဖြစ် မြောက်ရေးတွင် ပါဝင်သော တရားလွှတ်တော်ရှေ့နေ ဦးသက်နိုင်စိုးက ပြောကြားသည်။

“တရားခွင်ကတော့ မူးယစ်ဆေး ဝါးနဲ့ပတ်သက်တဲ့ကိစ္စတွေကို ပညာပေးဖို့ပြတာ ဖြစ်ပါတယ်။ အဲဒီတရားခွင်မှာ တရားသူကြီးတွေ၊ သက်သေ၊ ရဲ အကုန်လုံးက မိတ္ထီလာ ခရိုင်တရားရုံးက ဆောင်ရွက်ပေးတာဖြစ်ပါတယ် ကျောင်းသား ကျောင်းသူတွေကို ပညာပေးတယ်။ တရားခွင်မှာ လျှောက်လွှဲချက် ပေးတယ်၊ အမှု စစ်တယ်၊ အမိန့်ချတယ်။ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ရင်၊ ပြစ်မှုတွေ ကျူးလွန်ရင် ဘယ်လိုပုဒ်မတွေနဲ့ ထောင်ဒဏ် ဘယ်လိုချတယ်ဆိုတာကိုလည်း ရှင်းပြတယ်။ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ အမေးအဖြေတွေပါတယ်။ တက္ကသိုလ်ဌာနမှူး ဒေါက်တာဒေါ်သက်စုနှင်းရဲ့ ဖိတ်ကြားချက်အရ စီစဉ်ပေးတာ”ဟု ၎င်းက ရှင်းပြသည်။

အဆိုပါ သရုပ်ပြပွဲတွင် တတိယနှစ်နှင့် စတုတ္ထနှစ် ကျောင်းသား၊ ကျောင်းသူ ၁၅၀ ဦးခန့် တက်ရောက်ခဲ့ပြီး မိတ္ထီလာ ခရိုင်တရားရုံးမှ လာရောက်ကာ သရုပ်ပြသော တရားလွှတ်တော်ရှေ့နေ ၁၅ ဦးခန့် ပါဝင်ကြောင်း၊ လွန်ခဲ့သော သုံးနှစ်ခန့်ကလည်း ယခုကဲ့သို့ပွဲမျိုး မိတ္ထီလာတက္ကသိုလ်တွင် ကျင်းပခဲ့ဖူးကြောင်း ပွဲစီစဉ်သူများထံမှ စုံစမ်း သိရှိရသည်။ 

R-01