News

POST TYPE

LATEST NEWS POST

တရားမဝင် လက်နက်ခဲယမ်း၊ ဆက်သွယ်ရေးစက်နှင့် လိုင်စင်မဲ့ယာဉ်များ အမြန်ဆုံး လာရောက် အပ်နှံရန် အသိပေး
ရန်ကုန်၊ အောက်တိုဘာ ၁၉

တရားမဝင် ထားရှိသော လက်နက်ခဲယမ်းများ၊ ဆက်သွယ်ရေးစက်နှင့် လိုင်စင်မဲ့ယာဉ်များကို နီးစပ်ရာ တပ်၊ ရဲစခန်းနှင့် ရဲတပ်ဖွဲ့မှူးရုံးများသို့ အမြန်ဆုံး လာအပ်ရန် ပြည်ထဲရေးဝန်ကြီးဌာနက အသိပေး ထုတ်ပြန်ကြေညာခဲ့သည်။

မြန်မာနိုင်ငံတွင် ကျင့်သုံးနေသည့် လက်နက်ကိုင်ဆောင်ရေးမူအရ လုပ်သေနတ်၊ လေသေနတ် အပါအဝင် လက်နက်များကို လိုင်စင်ဖြင့်သာ ကိုင်ဆောင်ခွင့်ပြုထားသဖြင့် ယင်းသို့ ကိုင်ဆောင်ခွင့်ရရန် ဥပဒေ၊ လုပ်ထုံး လုပ်နည်းနှင့်အညီ ပြည်ထဲရေးဝန်ကြီးဌာန၊ လက်နက်ကိုင်ဆောင်ခွင့် လိုင်စင်ပါမစ် စိစစ်ရေးအဖွဲ့သို့  တင်ပြလျှောက်ထားမှုအပေါ် စိစစ်ခွင့်ပြုချက်ရမှသာ လုပ်ဆောင်ခွင့်ရှိမည်ဖြစ်ကြောင်း ယင်းကြေညာချက်တွင် ပါရှိခဲ့သည်။

ဆက်သွယ်ရေး စက်များကိုလည်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသို့ ကိုင်ဆောင်ခွင့် လိုင်စင် လျှောက်ထားပြီး လိုင်စင်ရရှိမှသာ ကိုင်ဆောင်ခွင့် ရမည်ဖြစ်ကြောင်း ဆက်လက်ပါရှိသည်။

လာရောက်အပ်နှံခြင်း မရှိဘဲ လက်ဝယ်ထားရှိကြောင်း စုံစမ်းဖော်ထုတ်ရရှိပါက တရားဥပဒေနှင့်အညီ အရေးယူမည် ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ အသိပေး ထုတ်ပြန်ချက်တွင် ပါရှိသည်။

လတ်တလောတွင် နေပြည်တော်နှင့် ရန်ကုန်ရှိ ACE ကုမ္ပဏီနှင့် ဟိုတယ်တို့တွင် လက်နက်ခဲယမ်း အမြောက်အမြားနှင့် ဆက်သွယ်ရေးစက်များ သိမ်းဆည်းရမိခဲ့ပြီးနောက် ပြည်ထဲရေး ဝန်ကြီးဌာနမှ ယင်းအသိပေး ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။

S-03