News

POST TYPE

LATEST NEWS POST

မိတ္ထီလာ တန်ဆောင်တိုင် ဝင်္ကပါပွဲ ရုပ်သေးပြဇာတ်များ ပါဝင်မည်
17-Oct-2017 tagged as မိတ္ထီလာ


မိတ္ထီလာ၊ အောက်တိုဘာ ၁၆

မိတ္ထီလာမြို့ သီရိမင်္ဂလာ (ခ) ရပ်ကွက်ရှိ ထီးသုံးဆင့် ရွှေမြင်မိလေး မျက်နှာဘုရား ဂေါပကအဖွဲ့က ဦးဆောင်ကျင်းပမည့် ၃၂ ကြိမ်မြောက် တန်ဆောင်တိုင် ဝင်္ကပါပွဲတော်တွင် ရုပ်သေးပြဇာတ်များ ထည့်သွင်းထားကြောင်း ယင်းဂေါပကအဖွဲ့ဒုတိယဥက္ကဋ္ဌ ဦးသောင်းနိုင်က ပြောကြားသည်။

အဆိုပါပွဲတော်ကို အောက်တိုဘာလ ၃၁ ရက်နေ့မှ နိုဝင်ဘာလ ၆ ရက်နေ့အထိ ကျင်းပမည်ဖြစ်ရာ အမှတ် (၂) အခြေခံပညာ အလယ်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများက မဟာဇနက္က ဇာတ်တော်နှင့် ကုဏ္ဍလကေသာထေရီ ဇာတ်တော်တို့ကို ရုပ်သေးပြဇာတ်အဖြစ် တင်ဆက်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“ဝင်္ကပါပွဲတော်ရဲ့ သမိုင်းကြောင်းကိုလည်း ဓာတ်ပုံပြပွဲအနေနဲ့ ထည့်သွင်းထားတယ်။ ပွဲတော်လာတဲ့ ဘုရားဖူး ဧည့်သည်တွေအတွက် ကုသိုလ်ရှင်တွေရဲ့ ဧည့်ခံကျွေးမွေးရေး အစီအစဉ်ကလည်း ခုနစ်ရက်စလုံး ရှိတယ်”ဟု ဦးသောင်းနိုင်က ထပ်မံပြောဆိုသည်။ 

မိတ္ထီလာမြို့ ထီးသုံးဆင့် ရွှေမြင်မိ လေးမျက်နှာဘုရားဝင်းအတွင်း တန်ဆောင်တိုင် ဝင်္ကပါပွဲတော်ကို ၁၉၅၂ ခုနှစ်က စတင်ကျင်းပဲ့ခြင်းဖြစ်ပြီး လူအင်အား၊ ငွေအင်အား၊ ရာသီဥတု အခက်အခဲ စသည့် အကြောင်း အမျိုးမျိုးကြောင့် နှစ်စဉ် မကျင်းပနိုင်ခဲ့ဘဲ ၂၀၁၆ ခုနှစ်အထိ ၃၁ ကြိမ်သာ ကျင်းပနိုင်ခဲ့သည်။ 

R-01