News

POST TYPE

LATEST NEWS POST

ရွှေတောင်မြို့ ကျီးသဲလေးထပ် ဆရာတော် နှစ် ၂၀၀ ပြည့် ဝိဇာတပူဇာ မင်္ဂလာအခမ်းအနား ကျီးသဲ လေးထပ်ပြတိုက်တွင် ကျင်းပ
13-Oct-2017 tagged as ပြည်


ပြည်၊ အောက်တိုဘာ ၁၃

ရွှေတောင်မြို့ ကျီးသဲလေးထပ် ဆရာတော်ဘုရားကြီး၏ နှစ် ၂၀၀ ပြည့် ဝိဇာတပူဇာမင်္ဂလာ အခမ်းအနားကို ကျီးသဲ လေးထပ် ဆရာတော်ဘုရားကြီး သီတင်းသုံးခဲ့ရာ ကျီးသဲလေးထပ်ပြတိုက်တွင် ကျင်းပကြောင်း ပြတိုက်တော်ထိန်းသိမ်းစောင့်ရှောက်ရေး ဂေါပကအဖွဲ့ထံမှ စုံစမ်း သိရှိရသည်။

ကျီးသဲတိုက်နယ် ရွာသာစံပြကျေးရွာ လေးထပ်ပြထိုက်ကြီးတွင် ယနေ့ (အောက်တိုဘာလ ၁၃ ရက်) နံနက် ၈ နာရီတွင် ဘုရားကန်တော့ခြင်း သီလခံယူ ဆောက်တည်ခြင်းတို့ဖြင့် စတင်ခဲ့ပြီး ကျီးသဲလေးထပ် ဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိ ပူဇော်ဖတ်ကြားခြင်းတို့ ပြုလုပ်သွားမည်ဖြစ်ပြီး အဆိုပါပွဲသို့ ဒေသခံကျေးရွာ ငါးရွာနှင့် နယ်ပေါင်းစုံ၊ တိုင်းသံဃာနာယကအဖွဲ့၊ လူပေါင်း သုံးထောင်ကျော် လာရောက်ခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။

ကျမ်းပြုအကျော် ကျီးသဲလေးထပ် ဆရာတော်ဘုရားကြီး အရှင်မုနိန္ဒာဘိဓဇသည် နာမည်ကျော် ဇိနတ္ထပကာသနီကျမ်း၊ စွယ်စုံကျော်ထင်ကျမ်း အပါအဝင် ကျမ်းပေါင်း လေးဆယ်ကျော် ရေးသားခဲ့ပြီး ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ ဆရာရင်းလည်း ဖြစ်သည်။

M-06