News

POST TYPE

LATEST NEWS POST

စည်းကမ်းမဲ့ အိမ်ဆောက်သူများထံမှ ဒဏ်ကြေး ကျပ်သိန်းတစ်သောင်းကျော်ရရှိ
မန္တလေး၊ အောက်တိုဘာ ၁၂

မန္တလေးမြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း စည်းကမ်းမလိုက်နာသည့် အဆောက်အအုံ ဆောက်လုပ်သူများကို ဒဏ်ရိုက်လျက်ရှိရာ ခြောက်လကျော်ကာလအတွင်း ဒဏ်ကြေး ကျပ်သိန်း တစ်သောင်းကျော်ရရှိထားကြောင်း ယင်းကော်မတီ အဆောက်အအုံနှင့် ကုန်ရုံဌာနထံမှ သိရသည်။

ခွင့်ပြုချက်မဲ့ တည်ဆောက်ခြင်း၊ ခွင့်ပြုထားသည်ထက် ကျော်လွန်တည်ဆောက်ခြင်းနှင့် ခွင့်ပြုမိန့် မကျမီ ကြိုတင်ဆောက်လုပ်ခြင်းတို့အတွက် ဒဏ်ရိုက်ခဲ့ခြင်းဖြစ်ရာ ဧပြီလမှ လက်ရှိအချိန်ထိ ကျပ်သိန်း တစ်သောင်းကျော် ဒဏ်ငွေ ရရှိခဲ့ခြင်းဖြစ်သည်ဟု အဆောက်အအုံနှင့် ကုန်ရုံဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

“စနစ်ကျတဲ့ အိမ်ဆောက်မိန့်တွေ ဖြစ်ဖို့ အိမ်တွေဖြစ်ဖို့လိုတယ်။ မြို့ဖြစ်နေတဲ့အတွက် ကိုယ်ဆောက်ချင်သလို ဆောက်လို့မရဘူး။ ပတ်ဝန်းကျင် ဆိုတာရှိ၊ ချမှတ်ထားတဲ့စည်းကမ်းတွေ လိုက်နာဖို့ဆိုရင် အဆောက်အအုံပိုင်ရှင်၊ ကြီးကြပ်တဲ့ အင်ဂျင်နီယာ၊ ဌာန စတာတွေ ညီညွတ်ဖို့ လိုတယ်။ ခွင့်ပြုချက်မဲ့ ဆောက်တာနဲ့ပတ်သက်ပြီး ပြည်သူတွေကို အကြံပြုချင်တာက ဌာနနဲ့ အဆက်အသွယ်လုပ်ပါ”ဟု အဆိုပါအရာရှိက ရှင်းပြသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း နှစ်စဉ် အဆောက်အအုံ ၄၅၀ဝ မှ ၆၀ဝ၀ အကြား ခွင့်ပြုပေးလျက်ရှိရာ ခွင့်ပြုမိန့် ကျထားပြီးသော အဆောက်အအုံတစ်ခုတွင် ခွင့်ပြုထားသည့်အထပ်ထက် ပိုဆောက်ပါက တစ်ပေ ပတ်လည်လျှင် ကျပ် ၁၅၀ဝ၀ ၊ ခွင့်ပြုမိန့် မကျမီ တည်ဆောက်ပါက တစ်ပေပတ်လည်လျှင် ကျပ် ၁၅၀ဝ၀ ဒဏ်ကြေးပေးဆောင်ရမည်ဖြစ်ကြောင်း ယင်းကော်မတီက ထုတ်ပြန်ထားသည်။

M-05