News

POST TYPE

LATEST NEWS POST

ကမ္ဘောဇ အနာဂတ် အလင်းတန်း မြန်မာဖောင်ဒေးရှင်း နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲကလေး ၁၀ဝ ကျော်ကို အခမဲ့ ခွဲစိတ်ကုသမည်
12-Oct-2017 tagged as ရန်ကုန်

ရန်ကုန်၊ အောက်တိုဘာ ၁၂

ကမ္ဘောဇ အနာဂတ် အလင်းတန်း မြန်မာဖောင်ဒေးရှင်း (BFM) နှင့် စင်ကာပူနိုင်ငံ အခြေစိုက် ဆေးပညာ အဖွဲ့အစည်းတစ်ခုဖြစ်သည့် Smile Asia တို့ ပူးပေါင်းကာ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးငယ် ၁၀ဝ ကျော်အား ရန်ကုန်ဆေးရုံကြီးတွင် ခွဲစိတ်ကုသမှုများကို အောက်တိုဘာလ ၁၂ ရက်မှ ၁၇ ရက်နေ့အထိ အခမဲ့ ခွဲစိတ်ကုသပေးမည်ဖြစ်ကြောင်း အဆိုပါ အဖွဲ့အစည်းများထံမှ သိရသည်။

အဆိုပါ အဖွဲ့အစည်းသည် ယခုနှစ် အစောပိုင်းတွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ကလေးငယ် ၈၀ ဦးနှင့် ၂၀၁၆ ခုနှစ်တွင် ရန်ကုန် အထွေထွေ ဆေးရုံကြီး၌ နှုတ်ခမ်းကွဲ အာခေါင်ကွဲ ကလေးငယ် ၁၁၃ ဦးကိုလည်း ခွဲစိတ်ကုသမှုများ အောင်မြင်စွာ လုပ်ဆောင်ပေးနိုင်ခဲ့ကာ ယခုအကြိမ်သည် တတိယမြောက်ဖြစ်သည်။

ယင်းအပြင် အကူအညီ လိုအပ်နေသည့် နှုတ်ခမ်းကွဲ အာခေါင်ကွဲ ကလေးငယ်များအနေနှင့် အဆိုပါ ခွဲစိတ်ကုသမှုများ ခံယူနိုင်စေရန် ခရီးစရိတ်၊ နေစရိတ်နှင့် လူနာရှင် မိဘများအတွက် အစားအသောက်များကိုလည်း ကမ္ဘောဇဘဏ်နှင့်ပူးပေါင်း၍ ကမ္ဘောဇ အနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်းတို့က ပံ့ပိုးကူညီသွားမည်ဖြစ်သည်။

J-01