News

POST TYPE

LATEST NEWS POST

ပခုက္ကူတွင် ဘုန်းကြီးကျောင်း အနုကြမ်းစီးခံရ
12-Oct-2017 tagged as ပခုက္ကူ

ပခုက္ကူ၊ အောက်တိုဘာ ၁၂

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ အမှတ် (၃) ရပ်ကွက် သီတာလမ်းမကြီး တွင်ရှိ မြို့ဝန်ဘုန်းကြီးကျောင်းတွင် အောက်တိုဘာလ ၁၁ ရက် ည ၇ နာရီက  အနုကြမ်းစီးမှု ဖြစ်ပွားခဲ့သည်။

သက်တော် ၈၆ နှစ်အရွယ် သံဃာတော် တစ်ပါးတည်း သီတင်းသုံးနေသော အဆိုပါကျောင်းတွင် အောက်တိုဘာ ၁၁ ရက်နေ့ ည ၇ နာရီက  အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦး ရောက်ရှိလာပြီး မှန်ဗီရိုအတွင်း သိမ်းဆည်းထားသော သာရေးနာရေး အလှူခံရရှိငွေများ ယူဆောင်သွားကြောင်း ဆရာတော် ဦးဇာဂရက မိန့်ကြားသည်။

ယင်းသို့ အနုကြမ်းစီးခံရမှုကို ဆရာတော်၏ တူမဖြစ်သူက အရုဏ်ဆွမ်း ကပ်ရန် ရောက်ရှိလာမှသာ သိရှိခဲ့ပြီး မြို့ဝန်ကျောင်း ဘုရားဆွမ်းချက်မှ အလှူငွေ ၉၀,ဝ၀ဝ ကျပ်၊ အမှတ် ၃ ရပ်ကွက် ဆွမ်းတရားပွဲမှ အလှူငွေ ၄၀,ဝ၀ဝ ကျပ်၊ မြောက်လူကန်မှ အလှူငွေနှင့် ဝါတွင်းကာလ ဥပုသ်စောင့်လာသည့် ယောဂီများထံမှ အလှူငွေများ ယူဆောင်သွားကြောင်း ဦးရွှေကြိုင်ကဆိုသည်။

“ဆရာတော်က အသက်ကကြီးပြီ။ မှန်ဗီရိုထဲမှာ ငွေဘယ်လောက်ရှိတယ်ဆိုတာ မေးမရဘူး ၊ အမှုမဖွင့်လိုဘူး”ဟု မိန့်ဆိုကြောင်း ပခုက္ကူမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်သိန်းဌေးက ပြောကြားသည်။

နေလင်းဖြူ