News

POST TYPE

LATEST NEWS POST

Yangon Water Bus ကတ်ဖြင့်စီးသူ မရှိသေး
10-Oct-2017 tagged as Water Bus


ရန်ကုန်၊ အောက်တိုဘာ ၁၀

ရန်ကုန်မြစ်အတွင်းပြေးဆွဲနေသည့် Yangon Water Bus ကို စီးနင်းသူခရီးသည်များသည် ယနေ့(အောက်တိုဘာလ ၁၀ ရက်) နေ့လယ်အထိ Anypay ငွေပေးချေကတ်ဖြင့် စီးနင်းခြင်းမရှိဘဲ လက်မှတ်ဖြင့်သာ စီးလျက်ရှိကြောင်း ခရီးသည်များထံမှ သိရသည်။

“အစအဆုံး အပျော်စီးတာဖြစ်လို့ ငွေသားနဲ့ပဲ လက်မှတ် ဝယ်စီးလိုက်တယ်။ ကတ်နဲ့က ပိုကောင်းပါတယ်။ လိုတဲ့အခါစီးဖို့ နောက်တစ်ခေါက်မှပဲ လုပ်တော့မယ်”ဟု ဗိုလ်တထောင်မြို့နယ်မှ ခရီးသည်တစ်ဦးက ဆိုသည်။

ယနေ့ (အောက်တိုဘာလ ၁၀ ရက်)တွင် ငွေပေးကတ် အရောင်း လုံးဝ မရှိဘဲ လက်မှတ်ဖြင့်သာ ခရီးသည်များ စီးနင်းနေသည်မှာ နှစ်ရက်ရှိပြီဖြစ်ကြောင်း နန်းသီတာ ဆိပ်ကမ်းလက်မှတ် အရောင်းဌာနထံမှ စုံစမ်း သိရှိရသည်။