News

POST TYPE

LATEST NEWS POST

တိုက်ကြီး အရှေ့ဘက်ကျေးရွာများသို့ တောဆင်ရိုင်း ဝင်ရောက်ဖျက်ဆီး
07-Oct-2017

တိုက်ကြီး၊ အောက်တိုဘာ ၇

တိုက်ကြီးမြို့နယ် အရှေ့ဘက်ရှိ ကျေးရွာများ၏ ကြံစိုက်ခင်းများ၊ စပါးစိုက်ခင်းများနှင့် ရွာအတွင်းသို့ တောဆင်ရိုင်းများ အုပ်စုလိုက် ဝင်ရောက် ဖျက်ဆီးနေမှုကြောင့် မြိုင်ဟေဝန်ဆင်စခန်းမှ သစ်ထုတ်လုပ်ရေး ဆင်များဖြင့် ၎င်းတို့ကို မောင်းထုတ်နေရကြောင်း ဖလုံးဘူတာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအေးသွင်က ပြောကြားသည်။

ပဲခူးရိုးမ အနောက်ခြမ်းနှင့် တိုက်ကြီးမြို့နယ်၊ အရှေ့ဘက်ရှိ ကွမ်းသီးမြောင်ကျေးရွာ၊ ကျားချောင်းကျေးရွာ၊ ချင်းကုန်းကျေးရွာ၊ ကင်းမတီကျေးရွာနှင့် လဟာမငယ်ကျေးရွာတို့သည် တောဆင်ရိုင်း အများဆုံး ဝင်ရောက်သော ကျေးရွာများ ဖြစ်ပြီး တောဆင်ရိုင်းများသည် ကြံ၊ ငှက်ပျောပင်နှင့် စပါးပင်များကို အဓိက စားသောက်ဖျက်ဆီးကြကြောင်း မြိုင်ဟေဝန် ဆင်စခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

“တောဆင်ရိုင်း အကောင်ရေ ၃၀ ကျော်လောက်ကို ကျွန်တော်တို့ မြိုင်ဟေဝန် ဆင်စခန်းက သစ်ထုတ်လုပ်ရေး ဆင်သုံးကောင်နဲ့ လူနေကျေးရွာနဲ့ ဝေးတဲ့နေရာကို မောင်ပေးရပါတယ်”ဟု မြိုင်ဟေဝန် ဆင်စခန်းတာဝန်ခံ ဦးမောင်မောင်ချေက ဆိုသည်။

ယင်းသို့ တောဆင်ရိုင်းများ ဝင်ရောက် ဖျက်ဆီးမှုကြောင့် ကြံစိုက်၂၄ ဧက ကျော်ပျက်စီးနေရပြီး လက်ရှိအချိန်တွင် ကြံစိုက်ခင်း ပတ်ဝန်းကျင်တွင် ခြံစည်းရိုးများ ကာရန်ကာ တောဆင်ရိုင်းများ မဝင်ရောက်နိုင်ရန် မြောင်းများ တူးဖော်ထားရကြောင်း ကြံစိုက်တောင်သူ ဦးမြင့်အောင်က ပြောကြားသည်။ 

R-19

  • VIA