News

POST TYPE

LATEST NEWS POST

မိုးကုတ်တွင် မြေပြို၍ လူသုံးဦး တစ်နာရီနီးပါး ပိတ်မိ
26-Sep-2017 tagged as မန္တလေး

မန္တလေး၊ စက်တင်ဘာ ၂၆

မန္တလးတိုင်းဒေသကြီး မိုးကုတ်မြို့ တောင်ကချင်ရပ်ကွက် အတွင်းရှိ နေအိမ်တစ်ခုတွင် ယနေ့ (စက်တင်ဘာ ၂၆ ရက်) မွန်းလွဲ ၁ နာရီခန့်က အုတ်တံတိုင်းဝန်းခတ်ရန်အတွက် တူးထားသည့် မြေကျင်းပြိုကျခဲ့ရာ လုပ်သားသုံးဦးမှာ တစ်နာရီနီးပါး ပိတ်မိခဲ့ကြောင်း ယင်းမြို့စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

“အုတ်တံတိုင်း ကာရံဖို့ တူးထားတဲ့ မြေကျင်းက မိုးကလည်း အရမ်းရွာထားတာ ဖြစ်တဲ့အတွက် ပြိုကျသွားခဲ့တာပါ။ အုတ်တံတိုင်းကလည်း ကမ်းပါးမှာ လှေကားထစ်ပုံစံမျိုး ဆောက်နေတာဖြစ်တဲ့အတွက် ပြိုကျသွားတာပေါ့။ လူနှစ်ဦးကတော့ လုံးဝပိတ်မိသွားတာ မဟုတ်ဘူး၊ တစ်ယောက်ကတော့ လုံးဝပိတ်မိပြီး တစ်နာရီလောက် ကယ်ဆယ်ရေး လုပ်ခဲ့ရပါတယ်” ဟု စည်ပင်သာယာကော်မတီ ဥက္ကဋ္ဌ ဦးဝင်းတင်က ဆိုသည်။ 

အုတ်တံတိုင်းကာရံရန်အတွက် တူးထားသည့် အနက် ပေ ၂၀ ခန့်ရှိသည့် မြေကျင်းပြိုကျခဲ့ခြင်း ဖြစ်ပြီး အုတ်တံတိုင်းသည်လည်း ဆောက်လက်စဖြစ်ကာ ပေလေးဆယ်ခန့်အမြင့် ရှိကြောင်း၊ ယင်းသို့ တူးထားသည့် မြေကျင်းအတွင်း နေ့စားလုပ်သားသုံးဦး ပိတ်မိခဲ့သော်လည်း နှစ်ဦးမှာ ပွန်းပဲ့ဒဏ်ရာများသာ ရရှိခဲ့ကာ လုံးဝပိတ်မိသွားခဲ့သည့် တစ်ဦးမှာ ဆေးရုံတွင် ဆေးကုသမှု ခံယူနေရဆဲဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

M-04