News

POST TYPE

LATEST NEWS POST

မင်းကွန်းဒေသ ရှေးဟောင်းအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း စတင်
26-Sep-2017 tagged as မန္တလေး

မန္တလေး၊ စက်တင်ဘာ ၂၅

စစ်ကိုင်းမြို့ မင်းကွန်းဒေသရှိ ရှေးဟောင်းအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ စတင်နေပြီ ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (စစ်ကိုင်းဌာနခွဲ) ထံမှ သိရသည်။

ယခုဘဏ္ဍာနှစ်အတွင်း ခေါင်းလောင်းတော်ကြီးအထက် ပြာသာဒ်များ၊ ပန်းဆွဲများ၊ တံကဲများကို ရှေးမူမပျက်ပြု ပြင်မည်ဖြစ်ကာ ပုထိုးတော်ကြီး ပတ်ဝန်းကျင် သာယာလှပရေး လုပ်ငန်းများ၊  ခြင်္သေ့ကြီး ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး လုပ်ငန်းများ၊ ကြက်ထောင့်ကန် ပတ်ဝန်းကျင် သာယာလှပရေး လုပ်ငန်းများ ပြုလုပ်မည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (စစ်ကိုင်းဌာနခွဲ) မှ အရာရှိတစ်ဦးက ပြောကြားသည်။

ယင်းလုပ်ငန်းများကို တိုင်းအစိုးရ၏ ခွင့်ပြုရန်ပုံငွေဖြင့် ပြုလုပ်သွားမည်ဖြစ်ရာ ကျပ်သိန်းသုံးရာခန့် ကုန်ကျနိုင်ကြောင်း၊ လက်ရှိတွင် ခေါင်းလောင်းတော်ကြီး ထားရှိရာ အဆောက်အအုံ ပြုပြင်ခြင်း လုပ်ငန်းများ စတင်လုပ်ဆောင်နေပြီဟု ၎င်းက ရှင်းပြသည်။

မင်းကွန်းဒေသသို့ ၂၀၁၅-၂၀၁၆  ဘဏ္ဍာနှစ်အတွင်းက ခရီးသွား ခြောက်ထောင်ကျော် ဝင်ရောက်ခဲ့ပြီး ဘဏ္ဍာငွေ ကျပ်သိန်း ၃၀၀၀ ကျော် ရရှိခဲ့ကာ ၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ်တွင် ခရီးသွား ၄၄၀၀ ကျော် ဝင်ရောက်ကာ ဘဏ္ဍာငွေ ကျပ်သိန်း ၂၂၀၀ ကျော် ရရှိခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (စစ်ကိုင်းဌာနခွဲ) ရှိ စာရင်းများအရ သိရသည်။ 

ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းရှိ  မင်းကွန်းဒေသ၌ မင်းကွန်းပုထိုးတော်ကြီး၊ မြသိန်းတန်စေတီနှင့် မင်းကွန်းဆရာတော်ကြီးပြတိုက်တို့ ရှိသည်။       

M-05